စင်ကာပူနိုင်ငံကူးလက်မှတ် ဂျပန်နေရာ ဝင်ယူပြီး ဩဇာအရှိဆုံး ဖြစ်လာ


20 July, 2023

စင်ကာပူနိုင်ငံကူးလက်မှတ် ဂျပန်နေရာ ဝင်ယူပြီး ဩဇာအရှိဆုံး ဖြစ်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ကမ္ဘာ့ဩဇာအရှိဆုံး နိုင်ငံကူးလက်မှတ်အဖြစ်  ရပ်တည်ခဲ့သော ဂျပန်နိုင်ငံကူးလက်မှတ်၏ နေရာကို စင်ကာပူနိုင်ငံကူးလက်မှတ်က နေရာဝင်ယူပြီး ကမ္ဘာ့ဩဇာအရှိဆုံး နိုင်ငံကူးလက်မှတ်အဖြစ်သို့ ရောက်ရှိလာသည်။

Henley Passport Index မှ ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ စင်ကာပူနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် ကမ္ဘာတစ်လွှား ခရီးဆုံး ၂၂၇ ခုအနက် ၁၉၂ ခုကို ဗီဇာကင်းလွတ်ခွင့် ရရှိသည်။

စင်ကာပူနိုင်ငံကူးလက်မှတ်သည် ၂၀၂၁ ခုနှစ်တွင် ဗီဇာကင်းလွတ်ရသည့် ခရီးဆုံး  နေရာ ၁၉၄ ခုရှိခဲ့ပြီး ကမ္ဘာ့ဩဇာအရှိဆုံး နိုင်ငံကူးလက်မှတ် ဖြစ်ခဲ့ဖူးသည်။
 ထိုနှစ်တွင် ဒုတိယနေရာမှ ဂျပန်နိုင်ငံကူးလက်မှတ်သည် ဗီဇာကင်းလွတ်ရသည့် ခရီးဆုံး  နေရာ ၁၉၃ ခုရှိခဲ့သည်။
၂၀၂၂ တွင် စင်ကာပူနိုင်ငံကူးလက်မှတ်သည် ဗီဇာကင်းလွတ်ရသည့် ခရီးဆုံး  နေရာ ၁၉၂ ခု ရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံကူးလက်မှတ်နှင့်အတူ ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

ယခုအခါ ဂျပန်နိုင်ငံကူးလက်မှတ်သည် ဗီဇာကင်းလွတ်ရသည့် ခရီးဆုံး  နေရာ ၁၈၉ ခုဖြင့် တတိယနေရာတွင် ဩစတီးယား၊ ဖင်လန်၊ ပြင်သစ်၊ လူဇင်ဘတ်၊ တောင်ကိုရီးယား၊ ဆွီဒင်တို့နှင့်အတူ ရှိနေသည်။

အီတလီ၊ ဂျာမနီနှင့် စပိန်တို့က ဒုတိယနေရာတွင် ရှိနေပြီး ဗီဇာကင်းလွတ်ရသည့် ခရီးဆုံး  နေရာ ၁၉၀ ရရှိသည်။

ကမ္ဘာ့ဩဇာအနည်းဆုံး နိုင်ငံကူးလက်မှတ်များမှာ  ဗီဇာကင်းလွတ်ရသည့် ခရီးဆုံး  နေရာ ၂၇ ‌ခု ရရှိသည့် အာဖဂန်နစ္စတန်၊ ၉၉ ခု ရရှိသည့် ယီမင်၊ ၁၀၀ ရရှိသည့် ပါကစ္စတန်၊ ၁၀၁ခု ရရှိသည့် ဆီရီးယား၊ ၁၀၂ ခု ရရှိသည့် အီရတ်တို့၏ နိုင်ငံကူးလက်မှတ်များ ဖြစ်ပါသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် ဗီယက်နမ်နိုင်ငံကူးလက်မှတ်သည် ခြောက်နေရာ မြင့်တက်ပြီး  ကမ္ဘောဒီးယား၊ ဂီနီဘစ်ဆောနှင့် မာလီတို့နှင့်အတူ နံပါတ် ၈၂ တွင် ရောက်ရှိနေသည်။  ဗီဇာကင်းလွတ်ရသည့် ခရီးဆုံး  နေရာ ၅၅ ခု ရရှိသည်။

ဗီယက်နမ်နိုင်ငံကူးလက်မှတ်သည် အရှေ့တောင်အာရှနိုင်ငံများတွင် နံပါတ် ၇၈ တွင် ရှိနေသည့် လာအို နှင့် နံပါတ် ၈၉ တွင် ရှိနေသည့် မြန်မာ နိုင်ငံတို့၏ နိုင်ငံကူးလက်မှတ်များထက် ဩဇာ ပိုကြီးမားပါသည်။
လာအိုနိုင်ငံကူးလက်မှတ်သည် ဗီဇာကင်းလွတ်ရသည့် ခရီးဆုံးနေရာ ၅၀ ခု ရရှိသည်။


မြန်မာနိုင်ငံကူးလက်မှတ်သည် ဗီဇာကင်းလွတ်ရသည့် ခရီးဆုံးနေရာ ၄၇ ခု ရရှိသည်။ ၎င်းတို့မှာ

OCEANIA
Cook Islands
Micronesia
Niue
Samoa *
Tuvalu *

MIDDLE EAST
Armenia *
Iran *
Jordan *

CARIBBEAN
Dominica
Haiti
Montserrat
St. Vincent and the Grenadines

ASIA
Brunei
Cambodia *
Indonesia
Laos
Macao (SAR China) *
Maldives *
Nepal *
Philippines
Singapore
Sri Lanka **
Taiwan (Chinese Taipei) **
Thailand
Timor-Leste *
Vietnam


AMERICAS
Bolivia *
Ecuador
Nicaragua *
Suriname

AFRICA
Burundi *
Cape Verde Islands *
Comoro Islands *
Djibouti *
Guinea-Bissau *
Madagascar *
Malawi *
Mauritania *
Mauritius *
Mozambique *
Rwanda *
Seychelles *
Somalia *
St. Helena *
Tanzania *
Togo *
Zambia

*visa on arrival
**eTA(electronic travel authorization)

မလေးရှားနိုင်ငံကူးလက်မှတ်သည် ဗီဇာကင်းလွတ်ရသည့် ခရီးဆုံးနေရာ ၂၈၀ ခု ရရှိပြီး နံပါတ် ၁၁ တွင် ရှိနေသည်။
ထိုင်းနိုင်ငံကူးလက်မှတ်သည် ဗီဇာကင်းလွတ်ရသည့် ခရီးဆုံးနေရာ ၇၉ ခု ရရှိပြီး နံပါတ် ၆၄ တွင် ရှိနေသည်။

Henley Passport Index သည် ကြိုတင်ဗီဇာမလိုဘဲ ဝင်ရောက်နိုင်သည့် ခရီးဆုံးနေရာ အရေအတွက်အပေါ် အခြေခံ၍  နိုင်ငံကူးလက်မှတ် ၁၉၉ ခုကို အညွှန်းကိန်းတွင် ဖော်ပြထားသည်။

လန်ဒန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားနှင့် နေထိုင်မှုဆိုင်ရာ အကြံပေးကုမ္ပဏီ Henley & Partners က Henley Passport Index ကို ၃ လ တကြိမ် ထုတ်ပြန်ပေးသည်မှာ ၁၈ နှစ် ရှိပြီ ဖြစ်ပါသည်။ အချက်အလက်များကို International Air Transport Association ထံမှ ရယူပါသည်။

Source Henley Passport Index

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Laws and Regulations Tips Read 467 times