စင်ကာပူတွင် သန်းကြွယ်သူဌေး ပိုများလာ၊ ကမ္ဘာ့ပဉ္စမမြောက် သန်းကြွယ်သူဌေးအမျာဆုံးနိုင်ငံအဖြစ် ရပ်တည်


20 April, 2023

စင်ကာပူတွင် သန်းကြွယ်သူဌေး ပိုများလာ၊ ကမ္ဘာ့ပဉ္စမမြောက် သန်းကြွယ်သူဌေးအမျာဆုံးနိုင်ငံအဖြစ် ရပ်တည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စင်ကာပူတွင် သန်းကြွယ်သူဌေးများ ပိုများခဲ့ရာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ၄၀% တိုးလာခဲ့ပြီးကမ္ဘာ့ပဉ္စမမြောက် သန်းကြွယ်သူဌေးအမျာဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ရွှေ့ပြောင်းနေထိုင်မှုကုမ္ပဏီ Henley & Partners နှင့် ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှုဆိုင်ရာ ကုမ္ပဏီ New World Wealth တို့က နောက်ဆုံးထုတ်ပြန်သည့်  ကမ္ဘာ့ အချမ်းသာဆုံး မြို့ကြီးများ World's Wealthiest Cities အစီရင်ခံစာတွင် စင်ကာပူသည် ပဉ္စမနေရာတွင် ရပ်တည်‌ေနသည်။
.
ရင်းနှီးမြုပ်နှံနိုင်သော ချမ်းသာကြွယ်ဝမှု ကန်ဒေါ်လာ ၁ သန်းနှင့် အထက်ရှိသော အသားတင်တန်ဖုိးမြင့်သူများကို သန်းကြွယ်သူဌေးအဖြစ် သတ်မှတ်ပြီး စာရင်းပြုစုထားသော ၎င်းအစီရင်ခံစာတွင် ၂၀၁၂ နှင့် ၂၀၂၂ ကြားကာလအတွင် သန်းကြွယ်သူဌေးဦးရေ ၄၀% တိုးခဲ့ပြီး ၂၄၀,၁၀၀ ဦး ရှိသည်။
ကမ္ဘာပေါ်တွင် သန်းကြွယ်သူဌေး အများဆုံးရှိသည့် မြို့အဖြစ် နယူးယောက်မြို့က သရဖူ ဆောင်းထားသည်။ သန်းကြွယ်သူဌေး  ၃၄၀,၀၀၀  ဦး ရှိသည်။ 
.
အာရှတွင် သန်းကြွယ်သူဌေး အများဆုံး ရှိသည့် မြို့ဖြစ်ပြီး ကမ္ဘာ့အဆင့်အနေဖြင့် ဒုတိယနေရာတွင် ရှိနေသည့် မြို့မှာ တိုကျိုမြို့ ဖြစ်ပြီး သန်းကြွယ်သူဌေး ၂၉၀,၃၀၀ ဦး ရှိသည်။
အာရှမြို့ကြီးများတွင် ထိပ်တန်း(၁၀) စာရင်းထဲပါသည့် မြို့များမှာ နံပါတ် (၇) နေရာမှ ဟောင်ကောင်၊ နံပါတ်(၈) နေရာမှ ပေကျင်းနှင့် နံပါတ်(၉) နေရာမှ ရှန်ဟိုင်းတို့ ဖြစ်သည်။
နံပါတ်(၁၀) နေရာတွင် ဆစ်ဒနီမြို့သည် သန်းကြွယ်သူဌေး ၁၂၆,၉၀၀ ဦးဖြင့် ရပ်တည်နေသည်။

 


Henley & Partners ၏ CEO ဖြစ်သူ Dr Juerg Steffen က ကမ္ဘာပေါ်တွင် အချမ်းသာဆုံးမြို့ ၁၀ မြို့အနက် ခုနစ်မြို့သည် တရားဝင် ရင်းနှီးမြှုပ်နှံမကာ ရွှေ့ပြောင်းနေထိုင်မှု အစီအစဉ်များကို လက်ခံကျင့်သုံးသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများ ပြုပါက နေထိုင်ခွင့်ဖြစ်စေ၊ နိုင်ငံသားခံယူခွင့် ဖြစ်စေ အခွင့်အရေး ပေးထားသည်ဟု ပြောကြားသည်။

 ဘီလျံနာဦးရေအရ ထိပ်တန်း(၁၀) စာရင်းတွင် အာရှမြို့ကြီးများအနက် ပေကျင်းသည် ဘီလျံနာ ၄၃ ဦးရှိနေသည့် အာရှတွင် ဘီလျံနာ အများဆုံး ရှိနေသည့် မြို့ဖြစ်သည်။ 
နံပါတ်(၅)နေရာမှ ရှန်ဟိုင်းတွင် ၄၀ ဦး၊ နံပါတ်(၇) နေရာမှ ဟောင်ကောက်တွင် ၃၂ ဦး ရှိသည်။
မွန်ဘိုင်းသည် နံပါတ် (၇) နေရာတွင် ဘီလျံနာ ၂၉ ဦးဖြင့် ရပ်တည်နေသည်။
စင်ကာပူသည် ဘီလျံနာ ၂၇ ဦးဖြင့် နံပါတ်(၉) နေရာတွင် ရပ်တည်နေသည်။


 

Source Henley & Partners
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Investment/Divestment Read 197 times