ဗီယက်နမ်ထံမှ လျှပ်စစ်ဓာတ်အား စင်ကာပူ တင်သွင်းမည်


25 October, 2023

ဗီယက်နမ်ထံမှ လျှပ်စစ်ဓာတ်အား စင်ကာပူ တင်သွင်းမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဗီယက်နမ်ထံမှ စင်ကာပူ တင်သွင်းမည့် လျှပ်စစ်ဓာတ်အားကို ကမ်းလွန် လေအားလျှပ်စစ်ဖြင့် အဓိကအားဖြင့် ထုတ်လုပ်မည်ဖြစ်သည်။
စင်ကာအးပူသည် ပြည်ပမှ လျှပ်စစ်ဓာတ်အား တင်သွင်းရာတွင် ဗီယက်နမ်သည် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမည်။ 

စင်ကာပူအစိုးရသည် ဗီယက်နမ်မှ ကာဗွန်နည်းသော လျှပ်စစ်ဓာတ်အား 1.2 GW တင်သွင်းမည်ဖြစ်သည်။ 
 
စင်ကာပူ အစိုးရ၏ စွမ်းအင် စျေးကွက် အာဏာပိုင်  Energy Market Authority (EMA) သည် Sembcorp Industries ၏လုပ်ငန်းခွဲဖြစ်သော Sembcorp Utilities အား သတ်မှတ်ချက်များဖြင့် ခွင့်ပြုမိန့် ချပေးခဲ့သည်။ 
Sembcorp Utilities သည် Petrovietnam Technical Services နှင့်အတူ စီမံကိန်းကို အကောင်အထည်ဖော်မည်ဟု ကုန်သွယ်ရေးနှင့် စက်မှုလက်မှုလုပ်ငန်း ဒုတိယဝန်ကြီး Tan See Leng က အင်္ဂါနေ့ (အောက်တိုဘာ ၂၄ ရက်) တွင်ကြေညာခဲ့သည်။ .

 Sembcorp သည် သက်ဆိုင်ရာ အာဏာပိုင် အသီးသီးခံမှ  ခွင့်ပြုချက်များ ရယူပြီးနောက် 
အစောဆုံးအနေဖြင့်  ၂၀၃၃ ခုန‌ှစ်တ‌ွင် စတင်နိုင်သည်ဟု ဆိုသည်။


စင်ကာပူသည် အင်ဒိုနီးရှားမှ လျှပ်စစ်ဓာတ်အား 2 GW ဝယ်ယူရန် သဘောတူထားသည်။
ကမ္ဘောဒီးယားထံမှလည်း လျှပ်စစ်ဓာတ်အား 1 GW ဝယ်ယူရန် သဘောတူထားသည်။

ပထမဆုံးအနေဖြင့် လာအိုထံမှ ဓာတ်အားကို ယမန်နှစိ ဇွန်လတွင် စတင်ရယူခဲ့သည်။ ရေအားလျှပ်စစ် 100 MW ကို လာအိုထံမှ ရယူတင်သွင်းသည်။ လာအို - ထိုင်း - မလေးရှား - စင်ကာပူ မဟာဓာတ်အားလိုင်းကွန်ရက်ဖြင့် ပေးပို့သည်။ 

ဗီယက်နမ်မှ ဓာတ်အားကို ပင်လယ်ရေအောက် ကေဘယ္ကြိုး သွယ်တန်းပြီး ရယူမည်။ ဓာတ်အားလိုင်း  ကေဘယ်ကြိုး အလျားသည် ကီလိုမီတာ ၁ ,၀၀၀ ဝန်းကျင် ရှိသည်။
 
Source business times
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 205 times