စင်ကာပူ ပြည်ပတင်ပို့မှု ၈ လဆက်တိုက် ကြီးထွား ဇူလိုင်လတွင် ၁၂.၇% တိုးခဲ့


19 August, 2021

စင်ကာပူနိုင်ငံမှ ရေနံမဟုတ်သော ပြည်တွင်း ပို့ကုန် ( non-oil domestic exports (NODX) ) ပမာဏသည် ဇူလိုင်လတွင် ၁၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၈ လ ဆက်တိုက် တစ်လထက်တစ်လ ပိုများလာခဲ့ခြင်း ဖြစ်သည်။ 

အီလက်ထရွန်ပစ္စည်း ပို့ကုန်များ ပိုများခဲ့သော်လည်း ပို့ကုန်ပမာဏ ကြီးထွားနေစေသည်မှာ အီလက်ထရွန်နစ် မဟုတ်သော ပစ္စည်းများကြောင့်ဟု  Enterprise Singapore (ESG) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အီလက်ထရွန်နစ်ပစ္စည်းများ တင်ပို့ရာတွင် တကိုယ်ရေသုံး ကွန်ပျူတာများ၊ အင်တီဂရိတ်တစ် ဆားကစ်များ၊ ဒိုင်အုတ်များ၊ ထရန်စစ္စတာများ ပါဝင်သည်။ 
အီလက်ထရွန်နစ် မဟုတ်သော ပစ္စည်းများ တင်ပို့ရာတွင် အထူးသုံး စက်များ၊ ဆေးဝါးများ၊ ရေနံဓာတုပစ္စည်းများ ပါဝင်သည်။ 

ဇူလိုင်လတွင် အများဆုံး တင်ပို့ခဲ့သည့် ဈေးကွက်များတွင် အမေရိကန်သို့ တင်ပို့မှု လျော့ကျခဲ့သည်။ တရုတ်၊ အီးယူနှင့် တိုင်ဝမ်တို့ထံ တင်ပို့မှုပမာဏ ပိုများခဲ့သည်။ 

အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နှင့် လက်တင်အမေရိကရှိ နိုင်ငံအချို့တို့ထံ တင်ပို့သည့်ပမာဏများ တိုးခဲ့သည်။ 

ယခုနှစ် ပထမနှစ်ဝက်တွင် မျှော်လင့်ထားသည့်ထက် ပိုကောင်းသော ရလဒ်ကို ရရှိခဲ့သည်ဟု သုံးသပ်ကြသည်။ 


Source: channelnewsasia.com

Export, Import Read 751 times