၂၀၅၀ တွင် စင်ကာပူ ဓာတ်အားရဖို့ နျူကလီးယားစွမ်းအင် သုံးစွဲရန်  ထည့်သွင်းစဉ်းစား


25 March, 2022

၂၀၅၀ တွင် စင်ကာပူ ဓာတ်အားရဖို့ နျူကလီးယားစွမ်းအင် သုံးစွဲရန်  ထည့်သွင်းစဉ်းစား

တစ်ချိန်တုန်းက စင်ကာပူအတွက် မသင့်လျော်ဟု ယူဆခဲ့ကြတဲ့ နျူကလီးယားစွမ်းအင်ကို ၂၀၅၀ ခုနှစ်မှာ အတွက် အလားအလာရှိသော လျှပ်စစ်ဓာတ်အား အရင်းအမြစ်အဖြစ် ဖော်ထုတ်သတ်မှတ်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို ၂၀၂၂ မတ်လ ၂၂ အင်္ဂါနေ့က ထုတ်ဝေခဲ့ပါတယ်။

Energy Market Authority (EMA) မှ ထုတ်ဝေတဲ့  အဆိုပါ အစီရင်ခံစာမှာ ၂၀၅၀ မှာ စင်ကာပူ လိုအပ်တဲ့ ဓာတ်အားပမာဏရဲ့ ၁၀% ကို နျူကလီးယားစွမ်းအင်က ပေးနိုင်မယ်လို့ သုံးသပ်ထားပါတယ်။ နျုးကလီးယား နည်းပညာ ပိုမိုအဆင့်မြင့်လာနေတာတဲ့အလျောက် ပိုဘေးကင်း၊ ပိုစိတ်ချရမှာ ဖြစ်ပါတယ်။ 

စင်ကာပူ စွမ်းအင်ရောနှော‌ေပါင်းစပ်မှုမှာ နျူးကလီးယားစွမ်ူအင်ကလည်း တစ်နည်းတစ်လမ်းအဖြစ် သုံးဖို့ အလားအလာကောင်းကြောင်း Energy 2050 Committee ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပြီး ၎င်းအစ္ရင်ခံစာမှာ ဖော်ပြထားတဲ့ မတူကွဲပြားတဲ့ အခြေအနေသုံးမျိုးအနက် တစ်မျိုးအဖြစ်ပါဝင်ပါတယ်။
အကယ်၍   နောက်ပိုင်းဆယ်စုနှစ်များအတွင်း နည်းပညာတိုးတက်မှု အရှိန်မြှင့်လာပါက ကမ္ဘာ့ ပထဝီနိုင်ငံရေးအရ အစိတ်စိတ်အမွှာမွှာ ကွဲနေသည့် အခြေအနေမှာ နျူကလီးယားစွမ်းအင်က စင်ကာပူ စွမ်းအင်ရောနှော‌ေပါင်းစပ်မှုမှာ ပါဝင်ပြီး ကျေးဇူးပြုပေးနိုင်တယ်လို့ ဆိုပါတယ်။

ပထဝီနိုင်ငံရေးအရ စိတ််ဝမ်းကွဲနေတဲ့ အခြေအနေမှာ နိုင်ငံများ ၎င်းတို့ရဲ့ ရာသီဉတုဖောက်ပြန်ပြောင်းလဲမှု တားဆီးရေး ရည်မှန်းချက်ကို ရရှိလာအောင် အတူတကွ လုပ်ကိုင်ကြဖို့ ခဲယဉ်းနေမှာ ဖြစ်ပါတယ်။ ဒေသတွင်း မဟာဓာတ်အားလိုင်းကွန်ရက် ဖွံ့ဖြိုးတိုးတက်ဖို့ နှေးကွေးနေမှာ ဖြစ်တာကြောင့် စင်ကာပူရဲ့ စွမ်းအင်ရောနှော‌ေပါင်းစပ်မှုမှာ ပါတင်တဲ့ လျှပ်စစ်ဓာတ်အား ပြည်ပမှ တင်သွင်းခြင်းကို အကန့်အသတ် ပြုနေမှာ ဖြစ်ပါတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 နောက်ထပ် အ‌ခြေအနေ နှစ်ရပ်မှာတော့ လျှပ်စစ်ဓာတ်အား ပြည်ပမှ တင်သွင်းခြင်းများက စင်ကာပူရဲ့ စွမ်းအင်ရောနှော‌ေပါင်းစပ်မှုမှာ အခရာကျတဲ့နေရာမှ ကျေးဇူးပြုပေးနေပါတယ်။

အခြေအနေတစ်မျိုးက ရာသီဉတုဖောက်ပြန်ပြောင်းလဲမှု တားဆီးရေးအတွက် နိုင်ငံများ အတူတကွ ပူးပေါင်းပြီး လုပ်ကိုင်ဆောင်ရွက်ကြမယ်။ နည်းပညာတိုးတက်မှုများ လျင်မြန်စွာ ဖြစ်ထွန်းမယ်။ 

နောက်အခြေအနေတစ်မျိုးက Covid-19 ကပ်ရောဂါကြောင့် ထိခိုက်မှုများမှာ ပြန်နာလန်ထတာ ရှည်ကြာနေလို့ နည်းပညာတိုးတက်မှုများ တန့်နေပြီး နိုင်ငံများ ပူးပေါင်းလုပ်ဆောက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။


စင်ကာပူ အစိုးရက ဖြစ်နိုင်ခြေအကြိုလေ့လာမှု တစ်ရပ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ မှာ ကောက်ချက်ချခဲ့ရာမှာ ထိုစဉ်တုန်းက ရရှိနိုင်သော နျူကလီးယားနည်းပညာများဖြင့် စင်ကာပူမှာ နျူကလီးယားစွမ်းအင် သုံးစွဲရန်မသင့်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။ ထိုနောက်ပိုင်းတွင် နျူကလီးယားနည်းပညာ တိုးတက်ကောင်းမွန်လာနေခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နျူးကလီးယား ဓာတ်အားစက်ရုံ ဒီဇိုင်းအသစ်များ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး နိုင်ငံကြီးများမှာ စမ်းသပ်အသုံးပြုကြပါတယ်။ ယခုအခါမှာ သုံးစွဲနေကြတဲ့ နျူးကလီးယား ဓာတ်အားစက်ရုံများထက် ပိုဘေးကင်းတဲ့ အလားအလာများ ရှိနေပြီး အဆိုပါ စက်ရုံမျိုးတို့ကို တရုတ်၊ ပြင်သစ်၊ အမေရိကန်နှင့် ရုရှားတို့မှာ တွေ့နိုင်ပါတယ်။
 

Energy News Read 418 times