စင်ကာပူစီးပွားရေးသည် ၀.၁ ရာခိုင်နှုန်း ကြီးထွားဟု ခန့်မှန်း


15 April, 2023

စင်ကာပူစီးပွားရေးသည် ၀.၁ ရာခိုင်နှုန်း ကြီးထွားဟု ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


.
စင်ကာပူနိုင်ငံစီးပွားရေး ပထမ၃ လပတ်တွင် ကြီးထွားန‌ှုန်း ၀.၁ ရာခိုင်နှုန်း ရရှိမည်ဟု ခန့်မှန်းသည်။ ယခင် ၃ လပတ်တွင် ၂.၁% ရရှိခဲ့သည်။
 စင်ကာပူ ဂျီဒီပီသည် ယခင်၃လပတ်တွင် တိုးသည်ဆိုရုံမျှ ဖြစ်သော ၀.၁% တိုးခဲ့ပြီး ယခုပထမ ၃ လပတ်တွင် ၀.၇% ယုတ်လျော့သွားသည်ဟု ကုန်သွယ်စက်မှု ဝန်ကြီးဌာန Ministry of Trade and Industry (MTI) မှ ဧပြီ ၁၄ ရက်တွင်  အချက်အလက် ထုတ်ပြန်သည်။
ဂျီဒီပီကြိုတင်ခန့်မှန်းချက်များကို သုံးလပတ်၏ပထမနှစ်လအတွင်း စုဆောင်းရရှိထားသော အချက်အလက်များကို အဓိကအားဖြင့်  တွက်ချက်ပါသည်။
.
၎င်းတို့ကို သုံးလပတ်တစ်ခုတွင် GDP ကြီးထွားနှုန်း အစောပိုင်း ညွှန်ပြချက်အဖြစ် ရည်ရွယ်ပါသည်။ ပိုမိုပြည့်စုံသောဒေတာ ရရှိလာသောအခါ ပြန်လည်သုံးသပ်ပြီး အဖြေပြန်ထုတ်ကြရပါသည်။
စင်ကာပူအစိုးရက ယခုနှစ်အတွက် GDP တိုးတက်မှုနှုန်း ၀.၅ မှ ၂.၅ ရာခိုင်နှုန်းအထိ မျှော်မှန်းထားသည်။
လေကြောင်းနှင့် ခရီးသွားလာရေးဆိုင်ရာ ကဏ္ဍများ တိုးတက်ကောင်းမွန်လာချိန်တွင် ဂျီဒီပီ ကြီးထွားလာမည်။ သို့သော်  ကမ္ဘာ့စီးပွားရေး နှေးနေသည်မှာ ကဏ္ဍအများအပြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသဖြင့် စင်ကာပူမှ ပြည်ပနှင့် နှီးနွှယ်နေသော ကဏ္ဍများသည်လည်း ဆက်လက် အားနည်းနေဦးမည် ဖြစ်သည်။
.
ယခုနှစ် ပထမသုံးလပတ်အတွက် ပဏာမ GDP ခန့်မှန်းချက်ကို MTI မှ မေလတွင် ထုတ်ပြန်မည်ဖြစ်သည်။
Source stratitstimes

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 270 times