မတ်လတွင်  ရုရှားလောင်စာဆီ တန်ချိန် ၁ သန်းကျော် စင်ကာပူနှင့် မလေးရှားသို့  တင်ပို့ခဲ့


30 March, 2023

မတ်လတွင်  ရုရှားလောင်စာဆီ တန်ချိန် ၁ သန်းကျော် စင်ကာပူနှင့် မလေးရှားသို့  တင်ပို့ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရုရှားသည် မတ်လတွင် ပင်လယ်ရေကြောင်းမှ မှ လောင်စာဆီနှင့် vacuum gasoil(VGO)  တို့ကို စင်ကာပူနှင့် မလေးရှားသို့ စံချိန်တင် ပမာဏ ပေးပို့ခဲ့သည်။ အာရှဈေးကွက်တွင် ရောင်းအားထက် ပိုလျှံသွားစေခဲ့သည်ဟု Refinitiv မှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။
.
Refinitiv ဒေတာအရ မတ်လတွင် ရုရှားဆိပ်ကမ်းများမှ စင်ကာပူနှင့် မလေးရှားသို့ လောင်စာဆီနှင့် VGO တင်ပို့မှုသည် တန်ချိန် ၁.၁ သန်းကျော်ရှိနိုင်ကြောင်း ဖော်ပြထားသည်။ 
.
ယူအေအီး၏ အဓိက ကုန်သွယ်ဗဟိုချက် ဆိပ်ကမ်းဖြစ်သည့်  Fujairah သည် ရေနံစိမ်း၊ ဓာတ်ဆီ၊ ဒီဇယ်ဆီစသည့် ရုရှားရေနံထွက်ကုန် အများအပြားကို လက်ခံရရှိခဲ့ပြီး ယခုလအတွင်း စုစုပေါင်း တန်ချိန် ၃ သိန်းထက်မနည်း ရှိနိုင်သည်။

.
ရုရှားရေနံထွက်ကုန်အချို့ကို သင်္ဘောပြောင်းတင်ပေးသည့် သင်္ဘောမှ သင်္ဘောသို့ ပြောင်းတင်ခြင်း ship-to-ship (STS) ဆောင်ရွက်ပြီးနောက် အာရှသို့ တင်ပို့သည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Energy News Read 168 times