ဒေသတွင်း အကောင်းဆုံးငွေကြေး ဖြစ်လာရန် စင်ကာပူဒေါ်လာနှင့် ထိုင်းဘတ် အလားအလာကောင်း 


04 January, 2023

 ဒေသတွင်း အကောင်းဆုံးငွေကြေး ဖြစ်လာရန် စင်ကာပူဒေါ်လာနှင့် ထိုင်းဘတ် အလားအလာကောင်း 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အရှေ့တောင်အာရှ ဒေသတွင် ၂၀၂၃ ခုနှစ်မှာ စင်ကာပူဒေါ်လာနှင့် ထိုင်းဘတ်တို့သည် စွမ်းဆောင်ရည် အကောင်းဆုံး ငွေကြေး ဖြစ်လာရန် အလားအလာ ကောင်းနေသည်။

တရုတ်အစိုးရသည်  Covid ထိန်းချုပ်မှုအများစုကို ရုတ်သိမ်းပြီးနောက် ထိုင်းနိုင်ငံ၏ အဓိကကျသော ခရီးသွားလုပ်ငန်းကဏ္ဍသို့  တရုတ်ခရီးသွားများ  လာရောက်မှုမှ အကျိုးကျေးဇူးကို ဘတ်ငွေ ခွန်အားရရှိမည်ဟု မျှော်လင့်ရသည်။ တရုတ်ခရီးသွားများ ထိုင်းနိုင်ငံသို့ အများအပြား လာရောက်ကြခြင်းသည် ဘတ်ငွေအား တောင့်တင်းအောင် ပံ့ပိုးပေးမည်ဖြစ်သည်။
ထို့ပြင် တရုတ်ပြည်မကြီးသည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်ဈေးကွက်လည်း ဖြစ်သောကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေရန် ကြိုးပမ်းမှုများကြောင့်လည်း ထိုင်းနိုင်ငံအတွက် အကျိုးကျေးဇူး ရရှိမည် ဖြစ်သည်။
အမေရိကန် ဗဟိုဘဏ် Federal Reserve က အတိုးနှုန်း မြှင့်တင်ပေးနေသည့် နှုန်းကို နှေးမည်ဖြစ်ရာ အာရှဒေသတွင်းရှိ အခြားငွေကြေးများနှင့်အတူ ကန်ဒေါ်လာ ဈေးပြန်ကျခြင်းမှ အကျိုးကျေးဇူးကို ထိုင်းဘတ် ရရှိမည် ဖြစ်သည်ဟု  OCBC Bank Singapore မှ နိုင်ငံခြားငွေလဲလှယ်ရေးဗျူဟာမှူးး Christopher Wong က ပြောကြားသည်။
တရုတ်ပြည်မ ပြန်ဖွင့်ခြင်း၏ အကျိုးဆက်အဖြစ် တရုတ်ခရီးသွားများ ထိုင်းနိုင်ငံသို့ လည်ပတ်ခြင်း ကြောင့် ခရီးသွားလုပ်ငန်းကဣ စဉ်ဆက်မပြတ် ပြန်လည်ဦးမော့လာခြင်းဖြင့် ပြည်တွင်းတိုးတက်မှုကို ပံ့ပိုးပေးမည်ဟု ၎င်းက သုံးသပ်သည်။

 

စင်ကာပူဒေါ်လာသည် ပြီးခဲ့သောနှစ် ၂၀၂၂ တွင် အစိမ်းနှင့်ယှဉ်ပါက တန်ဖိုးတက်သည့် တစ်ခုတည်းသော အာရှငွေကြေးဖြစ်ခဲ့သည်။
စင်ဒေါ်လာသည် ငွေကြေးအာဏာပိုင်၏ တင်းကျပ်သော ငွေကြေးမူဝါဒထံမှ အကျိုးကျေးဇူး ရရှိသည်။ ငွေဖောင်းပွမှုကို တိုက်ဖျက်ရန် ငွေလဲနှုန်းအလယ်မှတ်ကို အဓိက ငွေကြေးများဖြင့် နေရာပြန်ယူခဲ့ရာ ၃ ကြိမ်တိုင်တိုင် ငွေလဲနှုန်း မြင့်တက်ခဲ့သည်။ နိုဝင်ဘာလတွင် ငွေဖောင်းပွမှု ၅% အထပ်မှာ ရှိနေဆဲ ဖြစ်သဖြင့် နောက်ထပ် တင်းကျပ်သော ငွေကြေးမူဝါဒ ချမှတ်နိုင်ဖွယ် ရှိသည်။

ဒေသတွင်းမှ အခြားသော အဓိက ငွေကြေးများသည် အနုတ်လက္ခဏာများနှင့် ဖုံးလွှမ်းနေကြဆဲသဖြင့် ၎င်းတို့သည် ရှေ့ဆုံးမှာ ရောက်နေသည့်  စင်ကာပူဒေါ်လာနှင့် ထိုင်းဘတ် တို့ကို ယှဉ်နိုင်ဖွယ်မရှိကြချေ။
Source FMT

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 485 times