ကျင်ဆန်ကျော့ဂိတ် စီမံဆောင်ရွက်ပုံ အသိပေးထုတ်ပြန်


18 October, 2021

တရုတ်-မြန်မာ နယ်ခြားကုန်သွယ်ရေးအတွက် ကျင်ဆန်ကျော့ဂိတ်မှ ခြောက်ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသောကျင်ဆန်ကျော့ ယာယီခေါက်တို ကုန်ချိန်ပြောင်း ကားကြီးကွင်းတွင် ရွှေလွယ်အင်ကုမ္ပဏီမှတာဝန်ယူ စီမံဆောင်ရွက်ပုံ အဆင့်ဆင့်ကို ဗီဒီယိုဖြင့် အသိပေး ထုတ်ပြန်ထားပါသည်။

ကျင်ဆန်ကျော့ ယာယီခေါက်တို ကုန်ချိန်ပြောင်း ကားကြီးကွင်းမှ ထုတ်ကုန်သွင်းကုန်များ ပိုးသတ်မှု လုပ်ငန်းစဉ်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့်အညီ close loop management ဖြင့် ရွှေလွယ်အင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဟု သိရပါသည်။

 

  • တရုတ်နိုင်ငံ ပို့ကုန်များကို မြန်မာနိုင်ငံဘက်ခြမ်းတွင် ထားရှိရန် ဧရိယာ သတ်မှတ်ပေးထားမည်။
  • တရုတ်နိုင်ငံဘက်မှ ကွန်တိန်နာကို ကရိန်းကားဖြင့် မ,တင်ပြီး နယ်ခြားနံရံကို ကျော်၍ မြန်မာနိုင်ငံဘက်တွင် အသင့်စောင့်နေသော ကုန်တင်ကားပေါ်သို့ တင်ပေးမည် ဖြစ်သည်။
  •  မြန်မာနိုင်ငံမှ ကုန်တင်ယာဉ်များအနေဖြင့် ကုန်တင်ကုန်ချဧရိယာသို့ မဝင်ရောက်ခင် ပို့ကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်ခြမ်းတွင် ပထမဆုံးအကြိမ် ပိုးသတ်ခြင်းလုပ်ငန်းစဉ်ကို ခံယူရမည် ဖြစ်သည်။
  •  ပိုးသတ်ခြင်း လုပ်ငန်းစဉ် ပြီးစီးသည့် ကုန်တင်ယာဉ်များသည် နယ်ခြားနံရံအနီးရှိ သတ်မှတ်ထားသော နေရာသို့ သွားရောက်ရမည် ဖြစ်သည်။
  •  မြန်မာနိုင်ငံဘက်မှ ကွန်တိန်နာများကို ကရိန်းကားဖြင့် မ,တင်ပြီး နယ်ခြားနံရံကို ကျော်၍ တရုတ်နိုင်ငံဘက်တွင် အသင့်စောင့်နေသော ကုန်တင်ကားပေါ်သို့ တင်ပေးမည် ဖြစ်သည်။
  •  ကွန်တိန်နာ တင်ပြီးသော ကုန်တင်ယာဉ်များသည် သတ်မှတ်ထားသော နေရာသို့ သွားရောက်ပြီး ဒုတိယအကြိမ် ပိုးသတ်လုပ်ငန်းစဉ်ကို ခံယူရမည် ဖြစ်သည်။
  •  ထို့နောက် အကောက်ခွန်ဧရိယာသို့ ဝင်ရောက်ပြီး ကျန်ရှိသည့် လုပ်ငန်းစဉ်များကို စနစ်တကျ ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သည်။

 

 

Export, Import Read 3352 times