အနာဂတ်စွမ်းအင်ကို ပုံဖော်ခြင်း


01 February, 2018

စွမ်းအင်သည် ခေတ်သစ် စီးပွားရေးအတွက် အသက်သွေးကြောဖြစ်ရုံသာမက လူတို့၏ နေ့စဉ်လှုပ်ရှားသွားလာရေး စက်ရုံအလုပ်ရုံနှင့် အိမ်များအတွက်လည်း အရေးပါသော အခန်းကဏ္ဍတွင် ရပ်တည်လျက်ရှိသည်။

လူဦးရေ ၁.၃ ဘီလျံခန့်ဟာ ခေတ်သစ်စွမ်းအင်များကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန်အတွက် လက်ခံရန် ခက်ခဲ၍နေသေးသည်။

စွမ်းအင်များကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုခြင်းကြောင့် အကျိုးအဆက်အနေဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ၏ ၃ပုံ ၂ပုံခန့်ကို ပျံနှံ့နေပြီဖြစ်သောကြောင့် ရာသီဥတုပြောင်းလဲမှုများကိုဖြစ်ပေါ်စေခဲ့ပါသည်။

စွမ်းအင်သုံးစွဲမှုစနစ်ကို နှေးနှေးမှန်မှန် ပြောင်းလဲခြင်းဖြင့်လည်း လုံလောက်သော ပြောင်းလဲမှုများကို ဒေသတွင်း၊ နိုင်ငံတွင်းနှင့် တစ်ကမ္ဘာလုံးတွင်ပါ ထူးခြားလာနိုင်ပါသည်။

ထိုကဲ့သို့သော ပြောင်းလဲခြင်းကြောင့် အဓိကပြောင်းလဲလာမှုများကို မူဝါဒအရရော သုံးစွဲသူများဝယ်လိုအားအရပါ သိရှိနိုင်ပါသည်။

အနာဂတ်စွမ်းအင်ကို ဖော်ဆောင်သောစနစ်၏ ပဏာမခြေလှမ်းအဖြစ် မူဝါဒများပြောင်းလဲရေး၊ ပုဂ္ဂလိကကဏ္ဍ အရေးယူဆောက်ရွက်ခြင်းနှင့် အများပြည်သူ-ပုဂ္ဂလိက ပူးပေါင်းဆောက်ရွက်ရေးများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ရန်လိုအပ်ပေသည်။

ထိုအရာများသည် ရေရှည်တည်တံ့ရေး၊ လက်ခံနိုင်ခြင်း၊ လုံခြုံမှုနှင့် စွမ်းအင်၏အနာဂတ်အတွက်သာမက စီးပွားရေးနှင့် လူမှုဘဝတိုးတက်ရေးအတွက်လည်း အရေးပါသော လုပ်ဆောင်ချက်များဖြစ်ပါသည်။

စနစ်စတင်ခြင်း ပဏာမအဖြစ် Stewardship ၏ဘုတ်အဖွဲ့သည် အချက် ၄ချက်ကို အဓိကဦးစားပေးအဖြစ်သတ်မှတ်ခဲ့သည်။

(၁)  ကွဲပြားခြားနားသော ပထဝီအနေအထားများတွင် ပွင့်လင်းမြင်သာသော စွမ်းအင်အကူးအပြောင်းရလဒ်များဖော်ထုတ်ခြင်းဖြင့်လည်းကောင်း

(၂) ရလဒ်များအတွက်လိုအပ်သော အချက်အလက်များကို ဖော်ထုတ်ခြင်း

(၃) ပြောင်းလဲမှုအတွက်လိုအပ်သော မူဝါဒ၊  စျေးကွက်စနစ်နှင့် နည်းပညာအထောက်အပံ့များ ကူညီပေးခြင်း

(၄) လူတို့၏ စွမ်းအင်သုံးစွဲမှုအပေါ် အကျိုးသက်ရောက်မှုများကို နားလည်သိရှိထားရန်

How To Read 1171 times