Shangri-La  နှင့် Wilmar ထူထောင်လုပ်ကိုင်သူ Robert Kuok  မလေးရှား  ထိပ်တန်း(၅၀) အချမ်းသာဆုံးစာရင်းမှ


14 June, 2022

Shangri-La  နှင့် Wilmar ထူထောင်လုပ်ကိုင်သူ Robert Kuok  မလေးရှား  ထိပ်တန်း(၅၀) အချမ်းသာဆုံးစာရင်းမှာ နံပါတ် (၁) ဖြစ်နေဆဲ


Shangri-La Hotels and Resorts လုပ်ငန်း ထူထောင်သူ နှင့် ပိုင်ရှင် Robert Kuok က ကြွာ်ဝမှု အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိသူဖြစ်ပြီး မလေးရှားနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးအဖြစ် နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။

မလေးရှားနိုင်ငံရဲ့ ဒုတိယအချမ်းသာဆုံးသူဌေးက  Hong Leong Company ဥက္ကဋ္ဌ Quek Leng Chan ဖြစ်ပြီး တတိယနေရာမှာ Press Metal ကို ပိုင်ဆိုင်တဲ့ အလူမီနီယမ်ထိပ်သီး Koon Poh Keong နဲ့ သူ့ရဲ့ မွေးချင်းတွေ ဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်ကပ်‌ဘေးကြောင့် စီးပွားရေးကျဆင်းလို မလေးရှားနိုင်ငံရဲ့ အချမ်းသာဆုံးသူ‌ဌေးများဟာ ပြီးခဲ့သောနှစ်တွင် ၎င်းတို့၏ ဓနဥစ္စာပိုင်ဆိုင်မှုများ ကျဆင်းခဲ့ကြပါတယ်။ မလေးရှားနိုင်ငံ ထိပ်တန်း ၅၀ တိုင်ကွန်းတွေ ပျမ်းမျှအားဖြင့် ကြွယ်ဝမှု ၁၀% လျော့ကျခဲ့ကြပါတယ်လို့ Forbes Asia ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  အဓိကအားဖြင့် ၎င်းတို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းများမှာ ၎င်းတို့လက်ထဲ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာများ ဈေးကျဆင်းတဲ့အတွက် ကြွယ်ဝမှု လျော့ကျသွားကြတာ ဖြစ်ပါတယ်။ 

 

 


ဝဲမှယာသို့  Robert Kuok, Quek Leng Chan, Koon Poh Keong, Teh Hong Piow, Ananda Krishnan.


အိမ်ခြံမြေမှ ရေကြောင်းအထိ လုပ်ကိုင်လျက်ရှိတဲ့ လုပ်ငန်းစုကြီး Kuok  တည်ထောင်သူ Robert Kuok  ဟာ လာမယ့် အောက်တိုဘာလ ၆ ရက်တွင် အသက် ၉၉ နှစ်ရှိမှာဖြစ်ပြီး သူ့ကြွယ်ဝမှု ယမန်နှစ်က အမေရိကန်ဒေါ်လာ ၁၂.၂ ဘီလီယံ ရှိခဲ့ရာမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ကျဆင်းသွားသော်လည်း  ကာလကြာရှည် ရပ်တည်နေခဲ့တဲ့ မလေးရှားနိုင်ငံ အချမ်းသာဆုံး လုပ်ငန်းရှင်အဖြစ် နံပါတ်(၁) နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။

Hong Leong Company (Malaysia)  ဥက္ကဌ Quek Leng Chan ရဲ့ ၂၀၂၁ ခုနှစ် အသားတင်တန်ဖိုး အမေရိကန်ဒေါ်လာ ၉.၆ ဘီလီယံမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထပ်ပေါင်းထည့်ခဲ့ပြီး ဒုတိယနေရာတွင် ရပ်တည်နေပါတယ်။

အလူမီနီယမ်ထိပ်သီး Press Metal ရဲ့ Koon Poh Keong နှင့် သူ့မွေးချင်းများက  Forbes ၏ "၂၀၂၂ မလေးရှား၏ အချမ်းသာဆုံး အချမ်းသာဆုံး ၅၀ စာရင်း"တွင် တတိယနေရာကို သိမ်းပိုက်ခဲ့ပါတယိ။

 Public Bank ထူထောင်သူ Teh Hong Piow (အမေရိကန်ဒေါ်လာ ၅.၇ ဘီလျံ) က စတုတ္ထနေရာနှင့် တယ်လီကွန်း ထိပ်သီး Ananda Krishnan (အမေရိကန်ဒေါ်လာ ၅ ဘီလီယံ) က ပဉ္စမနေရာ ရရှိပါတယ်။
  
မလေးရှားနိုင်ငံ ဆေးပစ္စည်းရော်ဘာလက်အိတ်ထုတ်လုပ်သူများရဲ့ ကြွယ်ဝမှုများ  Covid-19 ကူးစက်ရောဂါ မြင့်မားစဉ်အတွင်း တစ်ဟုန်ထိုး မိုးထိအောင် မြင့်တက်လာခဲ့ပြီး  ကူးစက်မှုကျဆင်းနေစဉ် တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်း ရော်ဘာလက်အိတ်များဝယ်လိုအား လျော့ပါးသွားခဲ့လို့ အကျဘက်ကို ရောက်လာပါတယ်။

ရော်ဘာလက်အိတ်လုပ်ငန်းရှင်များ ဖြစ်ကြတဲ့  Hartalega Holdings လုပ်ငန်းရှင် Kuan Kam Hon (အဆင့်နံပါတ်-၁၁၊  အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ) Top Glove လုပ်ငန်းရှင် Lim Wee Chai (အဆင့်နံပါတ်- ၁၄၊ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ) တို့ အကျဘက်ကို ရောက်နေကြပါတယ်။


အလားတူပင် အဆင့်နံပါတ်-၄၅ ဖြစ်တဲ့ တိုင်ကွန်းမောင်နှံ Stanley Thai နှင့် Cheryl Tan တို့ရဲ့ Supermax ရော်ဘာလက်အိတ်လုပ်ငန်းလည်း အကျဘက်ကို ရောက်နေပါတယ်။ သူတို့ရဲ့ ကြွယ်ဝမှု သုံးပုံနှစ်ပုံ လျော့ကျသွားပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၃၄၀ မျှသာ ရှိပါတော့တယ်။


ရော်ဘာလက်အိတ်လုပ်ငန်းရှင်များ ဖြစ်ကြတဲ့ Kossan Rubber Industries လုပ်ငန်းရှင် Lim Kuang Sia (အဆင့်နံပါတ်-၂၄ ၊ အမေရိကန်ဒေါ်လာ သန်း ၇၄၀) ၊ Riverstone Holdings လုပ်ငန်းရှင် Wong Teek Son (အဆင့်နံပါတ် ၃၀၊ အမေရိကန်ဒေါ်လာ ၅၆၅ သန်း) တို့လည်း ကြွယ်ဝမှု ကျဆင်းနေကြပါတယ်။

မလေးရှား စားအုန်းဆီ လုပ်ငန်းကဏ္ဍမှ ညီအစ်ကို  Lee Oi Hian နှင့် Hau Hian တို့က အဆင်နံပါတ်-၁၂ မှာရှိနေပြီး ကြွယ်ဝမှုအတိုင်းအတာက အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ရှိပါတယ်။ သူတို့ရဲ့ ပင်မကုမ္ပဏီ Batu Kawan နှင့် လက်အောက်ခံ ဆီအုန်းစိုက်ခင်း လုပ်ငန်းများ အမြတ်အစွန်း မြင့်တက်နေပါတယ်။ 

အဆင့်နံပါတ်-၁ မှ Robert Kuok မှာလည်း ဆီအုန်းစိုက်ခင်းနှင့် စားအုန်းဆီ စူးစိုက်လုပ်ကိုင်တဲ့ စိုက်ပျိုးရေးလုပ်ငန်း Wilmar International ရှိပါတယ်။ ၂၀၁၄ တွင် ထူထောင်ခဲ့သော Wilmar Myanmar သည် ၎င်းလုပ်ငန်းကြီး၏ လက်အောက်ခံလုပ်ငန်းဖြစ်ပြီး Wilmar Jetty နှင့် စားအုန်းဆီကန်တို့ကို လုပ်ကိုင်နေတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

စားအုန်းဆီ လုပ်ငန်းကဏ္ဍမှ Sarawak Oil Palm ရဲ့သူဌေး Ling Chiong Ho က ထိပ်သီး ၅၀ စာရင်းမှာ ၄ နှစ်ဆက်တိုက် မပါခဲ့ရာမှ အဆင့်နံပါတ် ၃၆၊ ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၄၂၅ သန်း ဖြင့် ပြန်ပါလာပါတယ်။

 မလေးရှားနိုင်ငံ စီးပွားရေး ဇန်နဝါရီမှ မတ်လအတွင်း ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပြည်တွင်းဝယ်လိုအား အားကောင်းနေချိန်ဖြစ်လို့ ယခုနှစ်တွင် ပိုမိုအရှိန်မြှင့်ဖွယ်ရှိကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့ပါတယ်။ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုမှ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း Forbes Asia အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
#MyanmarIndustryGuide

 

 

MIG

Global News Investment/Divestment Read 3275 times