ရှန်ဟိုင်းတွင် ဓာတ်အားမလုံလောက်သဖြင့် အလှမီးများ ပိတ်ထားရ


23 August, 2022

ရှန်ဟိုင်းတွင် ဓာတ်အားမလုံလောက်သဖြင့် အလှမီးများ ပိတ်ထားရ


နိုင်ငံတစ်ဝန်း အပူလှိုင်းကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ မြင့်တက်လာခြင်းကြောင့် ရှန်ဟိုင်းမြို့ ဟောင်းပူမြစ်ကမ်း နာမည်ကြီး Bund မြစ်ကမ်းနားရှိ အလှဆင်မီးများကို တနင်္လာနေ့ (ဩဂုတ် ၂၂ ရက်) မှစ၍ ၂ ရက်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းတွင် အပူချိန် ၄၅ ဒီဂရီစဲစီယပ်စ်အထိ အပူချိန်မြင့်လာသဖြင့်  လေအေးပေးစက်များ အသုံးပြုမှု များနေ‌ခြင်းကလည်း အကြောင်းတစ်ချက် ဖြစ်နေသည်။
စီချွမ်အပါအဝင်  ပြည်နယ်အချို့တို့တွင် လုပ်ငန်းသုံး ဓာတ်အားဖြတ်တောက်ပြီး အိမ်သုံးကို လုံလောက်အောင် စီမံနေကြသည်။

အိမ်သုံးဓာတ်အား လုံလောက်အောင် ပေးနိုင်ရန်အလို့ငှာ ဓာတ်အားသုံးစွဲမှုချွေတာရန် တနင်္လာ‌နေ့နှင့် အင်္ဂ်ါနေ့တို့တွင် ဟောင်းပူမြစ်ကမ်း တစ်ဖက်တစ်ချက်တို့တွင်  အလှဆင်မီးများ၊ ကြော်ငြာဘုတ်များနှင့် ဗီဒီယိုဖန်သားပြင်များကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါသည်။

#MyanmarIndustriesGuide 
Source ANN
Telegram Channel https://t.me/Guid4U

Energy News Read 360 times