အိန္ဒိယရူပီး ၂၀၂၂ တွင် ၁၀% ကျော်ကျဆင်းခဲ့ပြီး ၂၀၁၃ နောက်ပိုင်း အဆိုးရွားဆုံးဖြစ်


04 January, 2023

အိန္ဒိယရူပီး ၂၀၂၂ တွင် ၁၀% ကျော်ကျဆင်းခဲ့ပြီး ၂၀၁၃ နောက်ပိုင်း အဆိုးရွားဆုံးဖြစ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အိန္ဒိယရူပီးသည် ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ၁၀.၁၄% ကျဆင်းကာ ၂၀၂၂ ကို အဆုံးသတ်ခဲ့ပါတယ်။ ၂၀၁၃  ခုနှစ်နောက်ပိုင်း  တစ်နှစ်တာ ကျဆင်းနှုန်း အကြီးမားဆုံး ဖြစ်ပါတယ်။ 
အမေရိကန်ဗဟိုဘဏ် U.S. Federal Reserve (Fed)က ငွေဖောင်းပွမှုကို တိုက်ဖျက်ရန် အတိုးနှုန်းကို ခပ်ကြမ်းကြမ်း မြှင့်တင်ခဲ့တဲ့အတွက် ယခုလို ကျဆင်းနှုန်း မြင့်မားခဲ့ရတာ ဖြစ်ပါတယ်။ 
၂၀၂၁ နှစ်ကုန်မှာ ရူပီး-ကန်ဒေါ်လာ လဲနှုန်းမှာ 74.33 ဖြစ်ခဲ့ပြီး ၂၀၂၂ နှစ်ကုန်မှာ 82.72  ဖြစ်ပါတယ်။ ကန်ဒေါ်လာ အညွှန်းကိန်းက ၂၀၁၅ နောက်ပိုင်း အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။ 
ရူပီးနည်းတူ အကျကြမ်းခဲ့တာ ဂျပန်ယန်းငွေ ဖြစ်ပြီး ၁၂% ကျဆင်းကာ ၂၀၂၂ ကို အဆုံးသတ်ခဲ့ပါတယ်။ 

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့သော ရေနံဈေး မြင့်တက်မှုကြောင့်လည်း ရူပီး ကို ထိခိုက်ခဲ့ပါတယ်။ ရေနံဈေးမြင့်တက်တဲ့အတွက် အိန္ဒိယနိုင်ငံ ကုန်သွယ်ရေးမှာ လိုငွေပြခဲ့လို့ နိုင်ငံသုံးငွေ ရူပီးကို အားပျော့နေစေခဲ့ပါတယ်။ 

"အ‌ေမရိကန် ဗဟိုဘဏ်က အတိုးနှုန်းအမြင့်ကို ကြိုတင်မှန်းဆထားကြထာထက် ပိုကြာကြာပြဋ္ဌာန်းထားတဲ့အပြင် တကယ်လို့ ဖွံ့ဖြိုးပြီး နိုင်ငံစီးပွားရေးများမှာ စီးပွားဆုတ်ယုတ်နေတာ ပိုကြာနေဦးမယ်ဆိုရင် အိန္ဒိယပို့ကုန်ကို ထိခိုက်ပါလိမ့်မယ်။ အဲဒီအကြောင်းအချက် နှစ်ချက်ဟာ ရူပီ ကျဆင်းဖို့ အကြောင်းခံတွေ ဖြစ်ပါတယ်" လို့ ICICI Securities မှ သုတေသန အကြီးအကဲ Raj Deepak Singh က ပြောကြားပါတယ်။ 
ကုန်သည်များနှင့် လေ့လာသုံးသပ်သူအများစုက ငွေကြေးသည် ပထမသုံးလပတ်တွင် 81.50-83.50 ကြားတွင် ရွေ့လျားမယ်လို့ မျှော်လင့်ထားကြပါတယ်။ 
Source  Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 220 times