ဂျပန်သို့ လုပ်သား တစ်သိန်း စေလွှတ်ရန် အင်ဒိုနီးရှား ရည်မှန်းထား


16 December, 2023

ဂျပန်သို့ လုပ်သား တစ်သိန်း စေလွှတ်ရန် အင်ဒိုနီးရှား ရည်မှန်းထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


အင်ဒိုနီးရှားနိုင်ငံ လူအင်အားဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့သည် ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေလိုသော အင်ဒိုနီးရှား နိုင်ငံသားများကို ထောက်ပံ့ကူညီရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။


အင်ဒိုနီးရှားသည် လာမည့်ငါးနှစ်အတွင်း ဂျပန်သို့ လုပ်သားတစ်သိန်းစေလွှတ်ရန် စီစဉ်ထားသည်။

အသက် ၁၅နှစ်နှင့် ၆၄ နှစ်ကြားရှိသူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပေးဆောင်ရန်နှင့် အလုပ်လက်မဲ့တိုးပွားလာခြင်းကို တားဆီးရန်ဖြစ်သည်ဟု လူအင်အားဝန်ကြီး Ida Fauziyah က ပြောကြားခဲ့သည်။

ဂျပန်သည် အင်ဒိုနီးရှား နိုင်ငံသားများ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအတွက် စိတ်ဝင်စားမှု ရေချိန်မြင့်မားသည့် နိုင်ငံဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လာမည့်ငါးနှစ်အတွင်း ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သား ၁၀၀,၀၀၀ စေလွှတ်မည်ဖြစ်ရာ၌ ဂျပန်မှ သတ်မှတ်ထားသော ကျွမ်းကျင်လုပ်သားဗီဇာ အစီအစဉ်ကို အသုံးပြု၍ အလုပ်သမား ၇၀,၀၀၀ စေလွှတ်မည် ဖြစ်သည်။
ကျန်သည့် ၃၀,၀၀၀ ကို အခြားဗီဇာအစီအစဉ် အမျိုးမျိုးဖြင့် စေလွှတ်ပေးမည် ဖြစ်သည်။

လူဦးရေ သန်း ၂၇၀ ကျော်ရှိသော အင်ဒိုနီးရှားသည် ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံခြားငွေရရှိရန်နှင့် ပြည်တွင်းအလုပ်လက်မဲ့များပြားခြင်းကို တားဆီးရန်အတွက် အရှေ့အလယ်ပိုင်း‌ေဒသ၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားတို့ကဲ့သို့သော နေရာများသို့ အလုပ်သမားစေလွှတ်ရန် ကြိုးပမ်းဆောင်ရွက်ပါသည်။

၂၀၂၂ ခုနှစ်တွင် အသက် ၁၅ နှစ်မှ ၂၅ နှစ်ကြား အင်ဒိုနီးရှားနိုင်ငံသားများအကြား အလုပ်လက်မဲ့ ဖြစ်‌နေသူများ ၁၃% ရှိသည်။

ဂျပန်နိုင်ငံသည် လုပ်သား ရှားပါး ပြတ်လပ်မှုကို ရင်ဆိုင်နေရသည်။ ၂၀၄၀ ခုနှစ်တွင် နိုင်ငံခြားသားအလုပ်သမား ၆.၇ သန်းခန့် လိုအပ်မည်ဖြစ်သည်။

ဂျပန်အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ ဂျပန်နိုင်ငံတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံခြားသား အလုပ်သမား ၁.၈၂ သန်းခန့် ရှိသည်။ ၇၇၈၈၉ ဦးသည် အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်သည်။ 
နိုင်ငံခြားသား အလုပ်သမားများတွင် ဗီယက်နမ်နိုင်ငံသားများ အများဆုံးဖြစ်ပြီး ဗီယက်နမ် နောက်တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဘရာဇီး၊ နီပေါ၊ အင်ဒိုနီးရှားတို့ အစဉ်အတိုင်း ရှိနေကြရာ အင်ဒိုနှီးရှားသည် ဆဌမ အများဆုံး ဖြစ်သည်။

 Source Asia Nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Labour Affairs Read 158 times