အာဆီယံနိုင်ငံများ စုဆောင်းခြင်း၊ ပြည်တွင်းသုံးစွဲမှုနှင့် စီးပွားကြီးထွားရေး


15 October, 2023

အာဆီယံနိုင်ငံများ စုဆောင်းခြင်း၊ ပြည်တွင်းသုံးစွဲမှုနှင့် စီးပွားကြီးထွားရေး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


 
တရုတ်နိုင်ငံ၏ လက်ရှိ အိမ်ထောင်စု စုဆောင်းခြင်းနှင့် ဂျီဒီပီ အချိုးနှုန်းသည် ၄၅.၉% ဖြစ်နေပြီး  အမြင့်ဆုံး အိမ်ထောင်စု စုဆောင်နှုန်းများထဲမှာ ပါဝင်နေသည်။ ယခုအခါ တရုတ်နိုင်ငံ စီးပွားရေး နှေးကွေးနေသဖြင့် အိမ်ထောင်စု စုဆောင်းခြင်း မြင့်မားနေခြင်းသည်  စီးပွားရေးကို ပိုနှေးနေစေမည် ဖြစ်သည်။

ငွေစုဆောင်းနှုန်း မြင့်မားခြင်းသည် နိုင်ငံ့စီးပွားရေး အားကောင်းနေစဉ်တွင် ခွန်အားတရပ် ဖြစ်သော်လည်း နိုင်ငံ့စီးပွားရေး အားပျော့နေချိန်တွင် စီးပွားရေး ပြန်ဦးမော့ဖို့ ခဲယဉ်းနေစေသည်။ စီးပွားရေးကို ပိုနှေးနေစေသည်။

ယေဘုယျအားဖြင့် ငွေစုဆောင်းခြင်း ရွှေစုဆောင်းခြင်းစသည့် အိမ်ထောင်စု ‌စုဆောင်းခြင်းများသည် စီးပွားရေး တရပ်အတွက် အရေးပါသည့် မဏ္ဍိုင်တစ်ခု ဖြစ်ပြီး အပြုသဘောဆောင်သည်။ သို့သော် စီးပွားရေး နှေးကွေးနေစဉ် အိမ်ထောင်စု ‌စုဆောင်းနှုန်း မြင့်မားနေခြင်းသည် အဖျက်သဘော သက်ရောက်စေမည် ဖြစ်သည်။

စီးပွားရေးပညာရှင်တို့၏ အဆိုအရ နိုင်ငံတစ်ခုသည် စီးပွားရေး အသွင်ကူးပြောင်းရေးခရီးတွင် အဆင့်နှစ်ဆင့် ဖြတ်သန်းသွားရသည်။
ပထမအဆင့်မှာ "မဖွံ့ဖြိုးသည့်ဆီမှ ဖွံ့ဖြိုးဆဲဆီသို့" ဖြစ်ပြီး ဒုတိယအဆင့်မှာ "ဖွံ့ဖြိုးဆဲဆီမှ ဖွံ့ဖြိုးသည့်ဆီသို့" ဖြစ်သည်။

ပထမအဆင့်တွင် တိုင်းပြည်သည် ကမ္ဘာ့ကုန်သွယ်မှုတွင် ၎င်း၏‌ေဝစုများကို တိုးမြှင့်ရန်နှင့် စုဆောင်းငွေကို ဖြစ်နိုင်သမျှ အမြင့်ဆုံးအထိ မြှင့်တင်ရန် အာရုံစိုက်ရမည်ဟု ပညာရှင်များက ဆိုသည်။ သို့ဖြစ်ရာ အိမ်ထောင်စု ‌စုဆောင်းနှုန်း မြင့်မားခြင်းသည် ကောင်းကျိုးပြုသည်။
အသွင်ကူးပြောင်းရေး၏ ဒုတိယအဆင့်တွင် အိမ်ထောင်စုများ၏ အသုံးစရိတ်များကို မြှင့်တင်ရန်နှင့် ပြည်တွင်းသုံးစွဲမှုကို မြှင့်တင်ရန်အတွက် စုဆောင်းခြင်းများကို တဖြည်းဖြည်းချင်း လျှော့ချရန် လိုအပ်မည် ဖြစ်သည်။ 
ဤအဆင့်တွင် ပြည်တွင်းသုံးစွဲမှုသည် နိုင်ငံ့စီးပွားရေး ကြီးထွားမှုအင်ဂျင်အဖြစ် ပေါ်ထွက်လာရမည်ဖြစ်သည်။ ပို့ကုန်တင်ပို့မှုထက် ကျော်လွန်နေရမည်။ အစိုးရ အသုံးစရိတ်ထက်လည်း ပိုများနေရမည်ဖြစ်သည်။ 
လူဦးရေသည် စုဆောင်းမှု မြင့်မားသည့် ပုံစံဝင်နေပါက ပြည်တွင်းသုံးစွဲမှု  သိသိသာသာ မြင့်တက်လာ‌စေရန်အတွက် အတားအဆီး ဖြစ်နေစေသည်။

အာဆီယံ နိုင်ငံများ၏ အိမ်ထောင်စု စုဆောင်းခြင်းနှင့် ဂျီဒီပီ အချိုးနှုန်းတွင် ဘရူနိုင်းသည် ထိပ်ဆုံးမှာ ၅၇% ဖြင့် ရောက်ရှိနေသည်။ 
• စင်ကာပူသည် ၄၃.၂၂%
• အင်ဒိုနီးရှားသည် ၃၇.၀၃%
• ဗီယက်နမ်သည် ၃၆.၁% 
• ကမ္ဘောဒီးယားသည် ၃၁.၇၇%
• ထိုင်းသည် ၂၆.၆၇%
• မလေးရှားသည် ၂၆.၅၃%
• ဖိလစ်ပိုင်သည် ၂၂.၅%
အစဉ်အတိုင်း ရှိနေကြသည်။
(လာအိုနှင့် မြန်မာနိုင်ငံတို့အတွက် တိကျသောဒေတာကို မရရှိပါ)

အာဆီယံနိုင်ငံများအကြား တစ်ဦးချင်းဝင်ငွေ ကွာခြားမှု ကြီးမားသည်။ 
ဝင်ငွေအဆင့်အတန်း အမြင့်မှ အလယ်အလတ်အထိ ကွာခြားနေသည်။ အလတ်အလယ်ရေချိန်တွင်လည်း အလယ်အလတ် အမြင့်တန်းနှင့် အနိမ့်တန်း ကွာခြားနေသည်။ သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေးများသည့် ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ် ဆီလျော်ရာကို ရွေးချယ်ကြရမည် ဖြစ်သည်။
ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများတွင် အိမ်ထောင်စု စုဆောင်းခြင်းကို  တိုးမြှင့်နိုင်မည် ဖြစ်ပြီး ဘရူနိုင်း၊ စင်ကာပူနှင့် ဗီယက်နမ်တို့သည် ပြည်တွင်းသုံးစွဲမှု တိုးမြှင့်ရေးကို အာရုံစိုက်ရမည်ဖြစ်သည်။ နောင်ရေးအတွက် စုဆောင်းခြင်း ထပ်တိုးခြင်းများကို တဖြည်းဖြည်းချင်း လျော့ကျစေရမည် ဖြစ်သည်။
ထိုသို့ လျော့ကျစေရန် နည်းလမ်းများထဲမှ တစ်ခုမှာ လူမှုဖူလုံရေး မြှင့်တင်ခြင်း ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် သက်ကြီးရွယ်အိုစောင့်ရှောက်မှု၊ ပင်စင်လစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့၌ သင့်လျော်သော လူမှုဖူလုံရေးယန္တရားတစ်ခု ပီပြင်လာသည်နှင့်အမျှ ပြည်သူများသည် ပိုမိုစုဆောင်းရန် မလိုအပ်ဟု စိတ်အေးလက်အေး ဖြစ်လာကြပြီး ချွေတာစုဆောင်းခြင်းအစား သုံးစွဲခြင်းဆီသို့ ဦးလှည့်ကြမည် ဖြစ်သည်။ စတင်သုံးစွဲလာကြမည်။ ထိုအခါ နိုင်ငံ့စီးပွားရေး ကြီးထွားဖို့ တွန်းတင်ပေးမည်။ 

 အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ဆောင်ရွက်သော လေ့လာမှုတစ်ခုအရ အရှေ့တောင်အာရှ၏ ငွေစုနှုန်းထားများ မြင့်မားနေသည်ကို တွေ့ရသည်။ မြင့်မားသော စုဆောင်းခြင်းသည် မြင့်မားသော ကြီးထွားမှု၊ လျင်မြန်သောဖွံ့ဖြိုးတိုးတက်မှုတို့နှင့်  ဆက်စပ်မှု ရှိနေကြောင်းလည်း တွေ့ရသည်။ အလားတူ ဆက်စပ်မှုကို လက်တင်အမေရိကနှင့် အာဖရိကတို့တွင်လည်း တွေ့ရသည်။

အရှေ့တောင်အာရှ ဒေသတွင် ၁၉၇၀ မှ ၁၉၉၅ ခုနှစ်အတွင်း တစ်ကိုယ်ရေ စုဆောင်းမှုနှုန်းသည် GDP ၏ ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ ရောက်လာသည်အထိ ဆက်တိုက်မြင့်တက်ခဲ့သည်။ ဒေသ၏ တကယ့် တစ်ဦးချင်း GDP သည် ၂၀၀ ရာခိုင်နှုန်းနီးပါး တိုးလာသည်။

ထိုသို့ အချိတ်အဆက် ရှိနေသည့် ယူဆချက် ရှုထောင့်မှ ကြည့်လျှင် မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့က ပြည်တွင်းရင်းနှီးမြုပ်နှံမှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် ပြည်တွင်း ငွေစု‌ဆောင်းမှုမှာ လုံလောက်အောင် မမြင့်မားသေး‌ဟု စီးပွားရေး ပညာရှင်အချို့က ဆိုပါသည်။ 
Source khmertimeskh 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

How To Read 391 times