ဆော်ဒီအာရေဗျက အာရှအတွက် ရေနံရောင်းဈေးနှုန်းကိုမျှော်မှန်းထားသည်ထက် ပိုမိုတိုးမြှင့် သတ်မှတ်


08 June, 2022

ဆော်ဒီအာရေဗျက အာရှအတွက် ရေနံရောင်းဈေးနှုန်းကိုမျှော်မှန်းထားသည်ထက် ပိုမိုတိုးမြှင့် သတ်မှတ်


ဆော်ဒီအာရေဗျက ၎င်းရဲ့ အကြီးမားဆုံး အာရှဈေးကွက်အတွက် ရေနံဈေးနှုန်းများကို မျှော်မှန်းထားကြသည်ထက် ကျော်လွန်သည်အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
အာရှဒေသဟာ ကိုဗစ်ကန့်သတ်တားမြစ်ချက်များ ဖြေလျှော့ပြီး အဟုန်တင်ချိန်မှာ ယခုလို ရေနံစိမ်းနှုန်း တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံပိုင် ရေနံလုပ်ငန်းကြီး Saudi Aramco က ၂၀၂၂ ဖေဖော်ဝါရီလမှာ စတင်ကာ ရေနံဈေးနှုန်းများ ဆက်တိုက် တိုးမြှင်လာခဲ့ရာမှ ပြီးခဲ့တဲ့ လမှာ စံချိန်တင် ဈေးလျှော့ချခဲ့ပြီး ဇူလိုင်လအတွက် ရေနံဈေးနှုန်းများကို ပြန်လည်မြှင့်တင်လိုက်တာ ဖြစ်ပါတယ်ာ 

Aramco က ၎င်းရဲ့ အဓိက ရောင်းကုန် Arab Light ရေနံစိမ်းကို အာရှမှ ဝယ်လက်များအတွက် တစ်စည်ရောင်းဈေး ဇွန်လအတွက် စံဈေးနှုန်း (ပုံတွင် အနီရောင်မျဉ်း)အထက် $2.10 သတ်မှတ်ထားခဲ့ရာမှ စံဈေးနှုန်း အထက် $6.50 လို့ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ 
 
Saudis Up Prices
Saudi Aramco raises oil pricing as market tightens



Aramco က အနောက်ဥရောပနှင့် မြေထဲပင်လယ်ဒေသအတွက် ရေနံစိမ်း ဈေးနှုန်းများကိုလည်း မြှင့်တင်ပါတယ်။ အမေရိကန်အတွက် ဈေးမပြောင်းတာ ၂ လဆက်တိုက် ရှိပါပြီ။
ကမ္ဘာ့ရေနံအများဆုံး တင်ပို့နေတဲ့ ဘုရင့် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အခါ ဘုရင့်နိုင်ငံတော် ဆောဒီအာရေဗျက ကာလရှည်စာချုပ်ဖြင့် တင်ပို့တဲ့ ရေနံစိမ်းဈေးနှုန်းများကိုလည်း တိုးမြှင့်ပါတယ်။ တစ်စည်ဈေးနှုန်း $120 နီးပါးသို့ ရောက်ရှိပါတယ်။
အမေရိကန်နှင့် အီးယူတို့ရဲ့ ပိတ်ဆို့အရေးယူခြင်းကြောင့် ရုရှားရေနံ အဝင်နည်းနေချိန်ဖြစ်ပြီး တရုတ်ပြည် လော့ဒေါင်း အဆုံးသတ်လို့ အသုံးများလာချိန် ရေနံဈေးကွက်ထဲ အပိုအလျှံ မရှိချိန်မှာ အာရှအတွက် ရေနံစိမ်း ဈေးနှုန်း တိုးမြှင့် လိုက်တာ ဖြစ်ပါတယ်။


ဆော်ဒီအာရေဗျနှင့် ရုရှား ဦးဆောင်တဲ့ ၂၃ နိုင်ငံ ပါဝင်တဲ့ OPEC+ က ကြာသပတေးနေ့ (ဇွန် ၂) က ရေနံစိမ်း ဈေးကွက်ထဲသို့ ဇူလိုင်နှင့်ဩဂုတ်လတို့မှာ တစ်ရက်  စည်ပေါင်း ၆၄၈,၀၀၀ တိုးမြှင့်ပေးပို့ရန် သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံ အများစုအဖို့ ရေနံတိုးမြှင့်ထုတ်လုပ်ဖို့ အခက်အခဲများ ရှိနေပါတယ်။ ဆော်ဒီအာရေဗျနှင့် ယူအေအီး ၂ နိုင်ငံသာ တိုးမြှင့်ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။

ဆော်ဒီအာရေဗျ ရေနံစိမ်းတင်ပို့မှု ပမာဏ စုစုပေါင်းရဲ့ ၆၀% ကို အာရှသို့ တင်ပို့ပါတယ်။တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယ တို့က အများဆုံး ဝယ်ယူကြပါတယ်။

Energy News Read 9052 times