ဩဂုတ်လတွင် ဆော်ဒီအာရေဗျ စံချိန်တင် တစ်ရက် စည် ၁၁ သန်း ထုတ်လုပ်ခဲ့ဟု ပြောကြား


16 September, 2022

ဩဂုတ်လတွင် ဆော်ဒီအာရေဗျ တစ်ရက် စည် ၁၁ သန်း ထုတ်လုပ်ခဲ့ဟု ပြောကြား

 

ဆော်ဒီအာရေဗျသည် ၎င်း၏ ရေနံစိမ်းထုတ်လုပ်မှုကို ပြီးခဲ့သည့်လက တစ်ရက်လျှင် စည်ပေါင်း ၁၁ သန်းကျော်အထိ မြှင့်တင်ခဲ့ကြောင်း OPEC သို့ အစီရင်ခံခဲ့ပါတယ်။  ၂၀၂၀ ခုနှစ် ဧပြီလနောက်ပိုင်း OPEC သို့ ဆော်ဒီအာရေဗျက အစီရင်ခံတင်ပြခဲ့သမျှ လစဉ်ထုတ်လုပ်မှုပမာဏများတွင် အမြင့်ဆုံးပမာဏဖြစ်ပါတယ်။ 


၂၀၂၀ ဧပြီလမှာ ဆော်ဒီအာရေဗျနှင့် OPEC+ ခေါင်းဆောင် ရုရှားတို့အကြား သိပ်မကြာလိုက်တဲ့ ဈေးနှုန်းစစ်ပွဲ ဖြစ်ပွားစဉ် ဆော်ဒီအာရေဗျက ရေနံစိမ်း တစ်ရက်လျှင် စည် ၁၂ သန်း ထုတ်လုပ်ခဲ့ပါတယ်။ ဆော်ဒီအာရေဗျ ရေနံစိမ်း ထုတ်လုပ်တင်ပို့ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း စည်ပေါင်း ၁၁ သန်းအထိ ထုတ်တာ အတော်ရှားပါတယ်။ 

ဆော်ဒီအာရေဗျက ဩဂုတ်လတွင် တစ်ရက်လျှင် စည် ၂၃၆,၀၀၀ တိုးမြှင့်ထုတ်လုပ်ခဲ့တဲ့အတွက် တစ်ရက်လျှင် စည်  ၁၁.၀၅ သန်းအထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။  အိမ်နီးချင်း အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ကလည်း  တစ်နေ့လျှင် စည် ၅၁,၀၀၀ တိုးကာ တစ်နေ့လျှင် ၃ ဒသမ ၁၈ သန်းအထိ ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 


Source world oil

#MyanmarIndustriesGuide

Telegram Channel  https://t.me/Guid4U

Energy News Read 3664 times