ဆော်ဒီ ရေနံစိမ်း ထုတ်လုပ်မှု လျှော့ချထားသဖြင့် တင်ပို့မှု သိသိသာသာ လျော့ကျ


03 September, 2023

ဆော်ဒီ ရေနံစိမ်း ထုတ်လုပ်မှု လျှော့ချထားသဖြင့် တင်ပို့မှု သိသိသာသာ လျော့ကျ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ထုတ်လုပ်မှုကို ကန့်သတ်ပေးထားခြင်းဖြင့် ရေနံဈေးနှုန်းများ မြှင့်တင်ရန် ဆော်ဒီအာရေဗျနိုင်ငံက OPEC+ မဟာမိတ်အဖွဲ့ကို  ဦးဆောင်ကြိုးပမ်းမှုကြောင့် ဆော်ဒီအာရေဗျ ရေနံစိမ်း တင်ပို့မှု ဩဂုတ်လတွင် သိသိသာသာ ကျဆင်းခဲ့သည်။

Bloomberg ၏ အချက်အလက်များအရ ဆော်ဒီအာရေဗျဘုရင့်နိုင်ငံတော်မှ ရေနံစိမ်းတင်ပို့မှုသည် ဩဂုတ်လတွင် တစ်ရက်လျှင် စည်ပေါင်း ၅.၆သန်းခန့် တင်ပို့ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လနောက်ပိုင်း အနည်းဆုံး ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် တစ်ရက်လျှင် စည်ပေါင်း ၆.၃ သန်း တင်ပို့ခဲ့သည်။ 
ဆော်ဒီရေနံစိမ်း အများဆုံးတင်ပို့သည် နိုင်ငံများမှာ တရုတ်နှင့် အမေရိကန် ဖြစ်ပါသည်။

ရေနံစိမ်း အများစု တင်သွင်းသည့် တရုတ်နိုင်ငံတွင် ၀ယ်လိုအား နည်းပါးနေသည့် လက္ခဏာများအပါအဝင် ကမ္ဘာ့ဝယ်လိုအား လျော့ကျနေသဖြင့် ရုရှားနိုင်ငံအပါအဝင် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့(OPEC)နှင့် မဟာမိတ်များသည် စျေးကွက်တွင် ဈေးမကျအောင် ထိန်းထားနိုင်ရန် ထုတ်လုပ်တင်ပို့မှုကို ကန့်သတ်လျှော့ချထားသည်။ 
ထို့ပြင် ဆော်ဒီအာရေဗျက ထုတ်လုပ်မှုကို တရက် စည်တသန်း ‌လျှော့ချခြင်းကို ဇူလိုင်လတွင် စတင်ခဲ့သည်။ ဩဂုတ်နှင့် စက်တင်ဘာတို့တွင်လည်း တရက် စည်တသန်း ‌ဆက်လက်လျှော့ချထားသည်။

 

 

ဆော်ဒီရေနံစိမ်း အဓိကဝယ်လက်ဖြစ်သော တရုတ်နိုင်ငံသို့ စီးဆင်းမှုသည် တစ်နေ့လျှင် စည်ပေါင်း ၁.၃ သန်းခန့်သို့ ကျဆင်းသွားခဲ့သည်။ ၎င်းပမာဏသည် ၂၀၂၀ ခုနှစ် ဇွန်လနောက်ပိုင်း အနည်းဆုံးဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် ကိုဗစ်ကြောင့် လောင်စာသုံးယာဉ်အမျိုးမျိုး အသွားအလာ ရပ်ထားကြရခြင်း၊ စက်ရုံများ ယာယီပိတ်ထားကြရခြင်း စသည်တို့ကြောင့် ကမ္ဘာတလွှား ရေနံလိုအပ်ချက် လျော့နည်းနေခဲ့ပါသည်။ ထို့ကြောင့် ဆော်ဒီရေနံစိမ်း တင်ပို့မှု လျော့ကျခဲ့သည်။
 
ဩဂုတ်လတွင် တောင်ကိုရီးယားနှင့် ဂျပန်သို့ ဆော်ဒီရေနံစိမ်း တင်ပို့မှုသည်လည်း လျော့နည်းခဲ့ပါသည်။ ၂၀၁၇ နောက်ပိုင်း အနည်းဆုံး ဖြစ်ပါသည်။

အနောက်နိုင်ငံများသို့ တင်ပို့မှုသည်လည်း လျော့ကျပါသည်။
အမေရိကန်သို့ တရက် စည် ၈၁,၀၀၀ မျှသာ တင်ပို့ခဲ့သည်။ 

OPEC တွင် ရေနံစိမ်း ပဉ္စမအများဆုံး ထုတ်လုပ်တင်ပို့သည့် ကူဝိတ်မှ ရေနံစိမ်း တင်ပို့သည့်ပမာဏလည်း လျော့ကျခဲ့ပါသည်ာ တရက် စည် ၁.၅ သန်း တင်ပို့ခဲ့ပြီး ၂၀၁၆ အနှောင်းပိုင်း နောက်ပိုင်း အနည်းဆုံး ဖြစ်ပါသည်။

Source finance yahoo

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 118 times