ဆော်ဒီအာရေးဗီးယားက အာရှအတွက် ရေနံဈေးနှုန်းများ ထပ်မံ‌ဈေးတက်


08 July, 2022

ဆော်ဒီအာရေးဗီးယားက အာရှအတွက် ရေနံဈေးနှုန်းများ ထပ်မံ‌ဈေးတက်


ဆော်ဒီအာရေဗျမှ နိုင်ငံပိုင်လုပ်ငန်း Saudi Aramco က အင်္ဂါနေ့(ဇူလိုင် ၅) တွင် တရားဝင်ရောင်းဈေးနှုန်းများ official selling prices (OSP) ကို အမ‌ရိကန်မှတစ်ပါး ကျန်ဒေသအပိုင်းအခြား အားလုံးအတွက် ဩဂုတ်လ ဈေးနှုန်းကို တိုးမြှင့်မည်ဖြစ်ကြောင်း ကြေညာပါသည်။
အမေရိကန်အတွက် ဈေးနှုန်းများ အပြောင်းအလဲ မရှိ၊ လက်ရှိသတ်မှတ်ချက်အတိုင်း ဆက်လက်ထားရှိမည် ဖြစ်သည်။

ဆော်ဒီအာရေဗျ၏ အထင်ကရ ရေနံစိမ်း Arab Light  ရေနံစိမ်းကုိ အာရှအတွက် ဩဂုတ်လ ဈေးနှုန်းမှာ တစ်စည်လျှင် $2.80 တိုးမြှင့်ပြီး Dubai/Oman benchmark အထက်  $9.30 ဟု သတ်မှတ်ပါသည်။
အခြားရေနံစိမ်းအမျိုးအစားများ ဖြစ်သည့် Extra Light မှ ပရီမီယံအထိ အားလုံးကို အာရှအတွက် ဈေးတိုးမြှင့်သတ်မှတ်ပါသည်။

မြေထဲပင်လယ် ဒေသအပိုင်းအခြားနှင့် အနောက်မြောက်ဥရောပ ဒေသအပိုင်းအခြားတို့ အတွက်လည်း Aramco က Extra Light, Arab Light, Medium ရေနံစိမ်း ရောင်းဈေးနှုန်းများ တိုးမြှင့် သတ်မှတ်ပါသည်။

ဆော်ဒီအာရေဗျသည် အရှေ့အလယ်ပိုင်းဒေသ ရေနံ တင်ပို့သူများအတွက် ဈေးနှုန်းအလားအလာကို ဦးဆောင်ချမှတ်ပေးပါသည်။
လစဉ်လတိုင်း ၅ ရက်နေ့တွင် ဈေးနှုန်းများ ထုတ်ပြန်ကြေညာပေးပါသည်။
ဈေးနှုန်းအပြောင်းအလဲများနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ ရှင်းလင်းပြောဆိုခြင်း မပြုသည့် မူဝါဒကို လက်ကိုင်ပြုပါသည်။

#MyanmarIndustryGuide 

Energy News Read 5592 times