ဆော်ဒီရေနံစိမ်း အာရှသို့ တင်ပို့မှု မလျှော့ချ


11 April, 2023

ဆော်ဒီရေနံစိမ်း အာရှသို့ တင်ပို့မှု မလျှော့ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ Organization of the Petroleum Exporting Countries(OPEC) နှင့် OPEC+ ဟု သိကြသော အိုပက်၏ မဟာမိတ်များသည် မေလမှစ၍ နှစ်ကုန်အထိ  တစ်ရက်လျှင် စည်ပေါင်း ၁.၁၆ သန်း လျှော့ချထုတ်လုပ်မည်ဟု  ပြီးခဲ့သောအပတ်တွင် ကြေညာခဲ့သည်။

နိုင်ငံပိုင်ရေနံကုမ္ပဏီကြီး Saudi Aramco သည် တစ်ရက်လျှင် စည် ၅ သိန်း လျှော့ချမည်ဟု ကတိပြုထားသော်လည်း မြောက်အာရှ ဝယ်လက်များအား မေလတွင်  တင်ပို့ရောင်းချနေသည့် စာချုပ်ပါ ရေနံစိမ်းပမာဏကို အပြည့်အ၀ ထောက်ပံ့ပေးမည်ဖြစ်သည်။
 
 OPEC+ ရေနံစိမ်း ထုတ်လုပ်မှု လျှော့ချသည့် ကြေညာချက်ကြောင့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း ၆% ခုန်တက်‌သွားခဲ့ပါသည်။ ၂၀၂၂ နိုဝင်ဘာလ ဈေးအမြင့်ရေချိန်သို့ ပြန်လည်ရောက်ရှိသွားသည်။

ပြီးခဲ့သည့်အပတ်က Saudi Aramco သည်အာရှသို့ရောင်းချသည့်အထင်ကရ Arab Light ရေနံစိမ်း မေလအတွက် ဈေးနှုန်းကို မြှင့်တင်ခဲ့သည်။ ဈေးနှုန်း လစဉ်တက်တိုက်မြှင့်တင်ခဲ့သည်မှာ ၃ လဆက်တိုက် ရှိသွားပြီဖြစ်သည်။

 
 တရုတ်ပြည်မှ Sinopec ၊  Aramco လက်အောက်ခံ S-Oil Corp ၏ တောင်ကိုရီးယားတတိယအကြီးဆုံး ရေနံချက်စက်ရုံ၊ ဂျပန်မှ Fuji Oil နှင့် Idemitsu Kosan တို့၏ ရေနံချက်စက်ရုံအများအပြားတို့ ယာယီ ပိတ်ထားမည် ဖြစ်သဖြင့်  မေလတွင် တစ်ရက်လျှင် စည် ၁.၁၅ သန်း လျော့နည်းမည်။ အာရှ၏ ရေနံဝယ်လိုအားမှာ ဒုတိယသုံးလပတ်တွင် အားနည်းသွားဖွယ်ရှိသည်။
 
 ယူအေအီးမှ နိုင်ငံပိုင် ရေနံကုမ္ပဏီကြီး Abu Dhabi National Oil Company သည် အာရှမှ ဝယ်လက်များ အနည်းဆုံး ၃ ခုထံသို့ ချုပ်ဆိုထားသည့် အရောင်းအဝယ်စာချုပ်၏ ဇွန်လအတွက် ရေနံစိမ်းကို ပမာဏ အပြည့်အဝ ရောင်းချပေးမည် ဖြစ်သည်။
 
OPEC+ ၏ ရေနံစိမ်း လျှော့ချထုတ်လုပ်ရေး အစီအစဉ်တွင် ယူအေအီးက တစ်ရက်လျှင် စည် ၁၄၄,၀၀၀ လျှော့ချမည် ဖြစ်သည်။

 Source  Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 158 times