ဖေဖော်ဝါရီ ဆော်ဒီအာရေဗျ ရေနံစိမ်းဈေး  ၂၇ လအတွင်း အနိမ့်ဆုံးသို့ လျှော့ချသတ်မှတ်


07 January, 2024

ဖေဖော်ဝါရီ ဆော်ဒီအာရေဗျ ရေနံစိမ်းဈေး  ၂၇ လအတွင်း အနိမ့်ဆုံးသို့ လျှော့ချသတ်မှတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ရေနံစိမ်း ထိပ်တန်းတင်ပို့သည့် ဆော်ဒီအာရေဗျသည် အာရှအတွက် အထင်ကရ Arab Light ရေနံစိမ်းအကြဲ ဖေဖော်ဝါရီလ ဈေးနှုန်းကို တနင်္ဂနွေနေ့ (ဇန်နဝါရီ ၇) တွင် ကြေညာသည်။  ၂၇ လအတွင်း အနိမ့်ဆုံးသို့ လျှော့ချသတ်မှတ်ထားသည်။


ဆော်ဒီအာရေဗျမှ နိုင်ငံပိုင် ရေနံလုပ်ငန်းကြီး Saudi Aramco က  ဖေဖော်ဝါရီလအတွက်  Arab Light ရေနံစိမ်းအကြဲ  အာရှသို့ တရားဝင်ရောင်းချသည့်စျေးနှုန်း (OSP)ကို ဇန်နဝါရီထက်  ၂  ကန်ဒေါ်လာ လျှော့ချပြီး အိုမန်/ဒူဘိုင်း ပျမ်းမျှရေနံစိမ်း ဈေးနှုန်းအထက် တစ်စည်လျှင် ၁.၅၀ ကန်ဒေါ်လာ သတ်မှတ်ပါသည်။ 
၂၀၂၁ နိုဝင်ဘာလနောက်ပိုင်း အနိမ့်ဆုံး ဈေးနှုန်း ဖြစ်ပါသည်။

ယခုလို လျှော့ချထားသော်လည်း အရှေ့အလယ်ပိုင်းဒေသမှ အခြားရေနံစိမ်းများထက် ဈေးမြင့်နေဆဲ ဖြစ်သည်။ 

OPEC+ မှ ရေနံထုတ်လုပ်သည့်နိုင်ငံများက စုစုပေါင်း  တစ်နေ့လျှင် စည်ပေါင်း ၂.၂ သန်း လျှော့ချထားသော်လည်း အမေရိကန် ရေနံစိမ်း ထုတ်လုပ်မှုမြင့်မားသဖြင့် ကမ္ဘာ့ရေနံစိမ်း လက်ကျန်သည် ပိုများလာနေဆဲ ဖြစ်ပြီး အနည်းဆုံး ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်အထိ လက်ကျန် များနေဦးမည်ဟု ခန့်မှန်းထားကြသည်။ 

Saudi Aramco သည် အခြားရေနံစိမ်း အမျိုးအစားများကိုလည်း ဖေဖော်ဝါရီလအတွက် လျှော့ချ သတ်မှတ်ပေးသဖြင့် ဇန်နဝါရီလထက်  ၂ ကန်ဒေါ်လာ အသီးသီး လျော့နည်း ပါသည်။

Source reuters

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 268 times