ဆော်ဒီအာရေဗျ ရေနံဝင်ငွေ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၃၂၆ ဘီလီယံအထိ ရရှိ


24 February, 2023

ဆော်ဒီအာရေဗျ ရေနံဝင်ငွေ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၃၂၆ ဘီလီယံအထိ ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဆော်ဒီအာရေဗျ၏ ရေနံဝင်ငွေသည် ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၃၂၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် နန်းတက်ချိန်မှစ၍ အများဆုံးပမာဏဖြစ်သည်။

မကြာသေးမီလများအတွင်း ဆော်ဒီအာရေဗျ၏ လစဉ်ရေနံဝင်ငွေသည် ကျဆင်းနေသော်လည်း ယခင်နှစ် ပထမနှစ်ဝက်တွင် ဈေးကောင်း ရရှိခဲ့ခြင်းက တစ်နှစ်တာ ဝင်ငွေကို မြှင့်တင်ပေးခဲ့သည်။

ရေနံဈေးနှုန်းများသည် ယမန်နှစ်ကုန်တွင် တစ်စည်လျှင် ဒေါ်လာ ၈၀ ဝန်းကျင်သို့ ကျဆင်းသွားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ မြင့်မားလာခြင်းကြောင့် ဆော်ဒီအာရေဗျသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ၎င်း၏ ပထမဆုံး နှစ်စဉ်ဘတ်ဂျက်ပိုငွေကို စာရင်းသွင်းခဲ့သည်။ ၂၀၁၂ နောက်ပိုင်း ဝင်ငွေ အများဆုံး ရရှိခြင်း ဖြစ်သည်။ 

ယမန်နှစ်က ရေနံစျေးနှုန်းများ မြင့်တက်ခဲ့သည်။ .အထူးသဖြင့် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ပထမနှစ်ဝက်တွင် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ သို့ဖြစ်ရာ ဆော်ဒီအာရေဗျ ရေနံပို့ကုန်ဝင်ငွေလည်း မြင့်တက်ခဲ့သည်။

ဆော်ဒီအာရေဗျ ယမန်နှစ် ပို့ကုန်ဝင်ငွေ စုစုပေါင်း၏ ၇၀% ကျော်သည် ရေနံပို့ကုန်မှ ရရှိခဲ့သည့်ဝင်ငွေဖြစ်သည်။

ငွေကြေးဖောင်းပွမှုဖိအားများနှင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်မှုကြောင့်၂၀၂၂ ခုနှစ်တွင် နိုင်ငံစီးပွားရေးအများအပြားတို့ ရုန်းကန်နေရသော်လည်း ဆော်ဒီအာရေဗျ နိုင်ငံစီးပွားရေးသည် ၈.၇% ကြီးထွားခဲ့သည်။
G20 နိုင်ငံများထဲတွင် ဆော်ဒီသည် စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။
Source oilprice 
 

Energy News Export, Import Read 273 times