ဆော်ဒီအာရေဗျ အာရှအတွက် ရေနံစိမ်းအကြဲ အောက်တိုဘာလစျေးနှုန်းကို မြှင့်တင်


07 September, 2023

ဆော်ဒီအာရေဗျ အာရှအတွက် ရေနံစိမ်းအကြဲ အောက်တိုဘာလစျေးနှုန်းကို မြှင့်တင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဆော်ဒီအာရေဗျနိုင်ငံသည် ရေနံစိမ်းအကြဲ Arab light အတွက် အောက်တိုဘာလ တရားဝင်ရောင်းချသည့်စျေးနှုန်း official selling price (OSP) ကို တစ်စည်လျှင် ကန်ဒေါ်လာ ၁၀ ဆင့် တိုးမြှင့်လိုက်သည်။ အိုမန်/ဒူဘိုင်း ပျှမ်းမျှဈေးနှုန်း အထက် တစ်စည်လျှင် ကန်ဒေါ်လာ ၃ ဒသမ ၆၀ သို့ မြှင့်တင်သတ်မှတ်ကြောင်း နိုင်ငံပိုင်ရေနံကုမ္ပဏီ Saudi Aramco က ထုတ်ပြန်သည်။


 Saudi Aramco ၏ OSP အရ အီရန်၊ ကူဝိတ်နှင့် အီရတ်တို့က  များသောအားဖြင့်  ရေနံစိမ်းစျေးနှုန်းများ သတ်မှတ်ပေးသည်။ သို့ဖြစ်ရာ အာရှသို့ ပေးပို့သည့် ရေနံစိမ်း တရက် စည် ၉ သန်းအတွက် ဈေးနှုန်းများကို Saudi Aramco ၏ OSP အရ ဈေးနှုန်းသတ်မှတ်သည်။
 
 ဆော်ဒီအာရေဗျနှင့် ရုရှားတို့က ယခုနှစ် နှစ်ကုန်အထိ ရေနံစိမ်း တင်ပို့မှု လျှော့ချမည်ဟု ကြေညာထားသည်။


ယခင်တင်ပြချက်
ဆော်ဒီနှင့် ရုရှား နှစ်ကုန်အထိ ရေနံစိမ်း လျှော့ထုတ်မည်
https://www.industrialdirectory.com.mm/article/saudi-russia-oil-reduce.htm
l



ထိုသို့ ကြေညာကြခြင်းကြောင့် ရေနံစိမ်း တစ်စည်လျှင် ဒေါ်လာ ၉၀ အထက်သို့ မြင့်တက်သွားခဲ့သည်။ ပြီးမှ  ဈေးပြန်ကျလာခဲ့သည်။

ဆော်ဒီရေနံစိမ်းအမျိုးမျိုး ဈေးနှုန်းများ
(အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်းနှင့် ခြားနားချက်အရ)

Source Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 599 times