ဆော်ဒီအာရေဗျ ရေနံစိမ်း ထုတ်လုပ်မှု လျှောချထားခြင်း စက်တင်ဘာလအထိ ထပ်တိုး


05 August, 2023

ဆော်ဒီအာရေဗျ ရေနံစိမ်း ထုတ်လုပ်မှု လျှောချထားခြင်း စက်တင်ဘာလအထိ ထပ်တိုး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ဆော်ဒီအာရေဗျသည်  တစ်နေ့လျှင် ရေနံစိမ်း စည် ၁ သန်း လျှော့ချ ထုတ်လုပ်နေခြင်းကို စက်တင်ဘာလအထိ သက်တမ်းတိုးမည်ဖြစ်သည်။
ထိုသို့ လျှော့ချထုတ်လုပ်ခြင်းကို ဇူလိုင်လတွင် စတင်ခဲ့ပြီး စက်တင်ဘာလသည် ၃ လဆက်တိုက် ဖြစ်မည့်လ ဖြစ်သည်။

“၂၀၂၃ ခုနှစ် စက်တင်ဘာလအတွက် ဘုရင့်နိုင်ငံတော်၏ ရေနံစိမ်း ထုတ်လုပ်မှုသည် တစ်နေ့လျှင် စည် ၉ သန်းခန့် ရှိမည်" ဟု  ဆော်ဒီစွမ်းအင်ဝန်ကြီးဌာနက ပြောကြားသည်။
 ဇူလိုင်လ မတိုင်ခင်က ဆော်ဒီအာရေဗျသည် တစ်နေ့လျှင် ရေနံစိမ်း စည် ၁၀ သန်း ထုတ်လုပ်ခဲ့သည်။

အိုပက် OPEC - Organization of the Petroleum Exporting Countries အဖွဲ့အစည်းအနေဖြင့် တစ်နေ့ စည် ၁.၆၆ သန်း လျှော့ထုတ်နေသည်ကိုလည်း ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ ဆက်လက်လျှော့ထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Source cnbc

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 323 times