OPEC+ ထုတ်လုပ်မှု လျှော့ချပြီးနောက် ဆော်ဒီအာရေဗျ မေလ အာရှရေနံစိမ်း ဈေးတက်လာနိုင်


05 April, 2023

OPEC+ ထုတ်လုပ်မှု လျှော့ချပြီးနောက် ဆော်ဒီအာရေဗျ မေလ အာရှရေနံစိမ်း ဈေးတက်လာနိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိပ်တန်းရေနံတင်ပို့သူ ဆော်ဒီအာရေးဗီးယားသည် OPEC+ မှ ထုတ်လုပ်မှု လျှော့ချရန် ထပ်မံကြေညာခဲ့ခြင်း၊ တရုတ်မှ ရေနံချက် စက်ရုံများ ပြုပြင်ထိန်းသိမ်းမှု ပြီးဆုံးပြီ ဖြစ်သဖြင့် အပြည့်အဝ ပြန်လည် လည်ပတ်ကြသဖြင့် ရေနံဝယ်လိုအား တက်လာနိုင်ခြင်းတို့ကို အခွင့်ကောင်း ယူရန် အာရှအတွက် ရေနံစိမ်းကို မေလတွင် မြှင့်တင်နိုင်သည်ဟု ခန့်မှန်းထားကြသည်။
.
အထင်ကရ Arab Light ရေနံစိမ်းအကြဲအတွက် မေလတွင် တရားဝင်ရောင်းချသည့်စျေးနှုန်း official selling price(OSP) သည်  Oman/Dubai average ဈေးနှုန်းအထက် တစ်စည်ကို ကန်ဒေါ်လာ +2.30/+3.00  ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။ အကယ်၍ ဈေးတက်ခဲ့လျှင် လစဉ် ဈေးတက်ခဲ့သည့် တတိယမြောက်လ ဖြစ်လိမ့်မည်။ 
.
Organization of the Petroleum Exporting Countries OPEC နှင့် ၎င်းတို့၏ မဟာမိတ်များ ပါဝင်သည့် OPEC+ သည် ဧပြီ ၂ ရက်တွင်  တစ်ရက်လျှင် စည် barrels per day (bpd) ၁ ဒသမ ၁၆ သန်း ခန့် ထုတ်လုပ်မှု လျှော့ချခြင်းကို မေလတွင် စတင်မည်ဖြစ်ပြီး နှစ်ကုန်အထိ လျှော့ချထားမည်ဟု ကြေညာခဲ့ပါသည်။
 Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 209 times