ဆော်ဒီအာရေဗျ အာရှအတွက် ရေနံစိမ်း ဈေးတက်


06 April, 2023

ဆော်ဒီအာရေဗျ အာရှအတွက် ရေနံစိမ်း ဈေးတက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဆော်ဒီအာရေဗျနိုင်ငံသည် OPEC+ ထုတ်လုပ်မှုကို အံ့အားသင့်ကြရသည့် ပမာဏအထိ မလေမှ စ၍ လျှော့ချဖြတ်တောက်မည်ဟု ကြေညာခဲ့ပြီးနောက်ရက်ပိုင်းအကြာအာရှဖောက်သည်များထံ ၎င်း၏ရေနံရောင်းချမှုအားလုံးအတွက်  မေလ သင်္ဘောတင်မည့် ရေနံစိမ်းများ တရားဝင်ရောင်းဈေးများ official selling price (OSP) ကို မြှင့်တင်ခဲ့သည်။

နိုင်ငံပိုင် ရေနံလုပ်ငန်း Saudi Aramco က အထင်ကရ ရေနံစိမ်းအကြဲဖြစ်သည့် Arab Light  ရေနံစိမ်း မေလအတွက် ဈေးနှုန်းကို တစ်စည်လျှင် ၃၀ ဆင့် တိုးမြှင့် သတ်မှတ်လိုက်ပါသည်။ 
ယခုလို ဈေးတက်သည်မှာ ၃ လ ဆက်တိုက် ရှိသွားပြီ ဖြစ်ပါသည်။ 

အာရှအတွက်  လအလိုက် Arab Light  ရေနံစိမ်း ဈေးနှုန်းများ
(Oman/Dubai ပျမ်းမျှဈေးနှုန်းအထက် မည်မျှပိုသည်ကို ပြသထားပါသည်)

Organization of Petroleum Exporting Countries (OPEC)နှင့် ၎င်း၏ မဟာမိတ်များ ပါဝင်သည့် OPEC+ သည် မေလမှစ၍ ရေနံစိမ်းထုတ်လုပ်မှုကို တစ်ရက်လျှင် စည် ၁ သန်း လျှော့ချထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုသို့ လျှော့ချထုတ်လုပ်ကြရာတွင် မဟာမိတ်များတွင် ဦးဆောင်သူ ဖြစ်သည့် ရုရှားက တစ်ရက်လျှင် စည် ၅ သိန်း လျှော့ထုတ်ရန် သဘောတူထားပါသည်။ 


Aramco သည် ၎င်း၏ရေနံစိမ်းတင်ပို့မှု၏ ၆၀% ခန့်ကို ကာလရှည်စာချုပ်များဖြင့် အာရှသို့ရောင်းချပြီး စျေးနှုန်းကို လစဉ်ပြန်လည်သုံးသပ်ကာ သတ်မှတ်ပေးပါသည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့က အများဆုံး ဝယ်ယူပါသည်။

Aramco  ကုမ္ပဏီ၏ စျေးနှုန်းဆုံးဖြတ်ချက်များကို အီရတ်နှင့် ကူဝိတ်တို့ကဲ့သို့ အခြားသော ပင်လယ်ကွေ့ထုတ်လုပ်သူများမှ လိုက်နာလေ့ရှိပြီး ၎င်းတို့၏ ရေနံစိမ်းဈေးနှုန်းကို ချိန်ညှိသတ်မှတ်ပေးကြပါသည်။
Source bloomberg

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 260 times