ဆော်ဒီအာရေဗျ အာရှအတွက်  ရေနံစိမ်း ဈေးလျှော့ချ


05 May, 2023

ဆော်ဒီအာရေဗျ အာရှအတွက်  ရေနံစိမ်း ဈေးလျှော့ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဆော်ဒီအာရေဗျသည် ၎င်း၏ ရေနံစိမ်းအကြဲ Arab Light အတွက် တရားဝင်ရောင်းဈေး  official selling price(OSP) ကို လျှော့ချပေးလိုက်ပါသည်။ 

 


Arab Light အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်းအထက် တစ်စည်လျှင် $2.55 ဟု သတ်မှတ်သည်။  
မေလဈေးနှုန်းအောက် အမေရိကန်ဒေါ်လာ ၂၅ ဆင့် လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။  Arab Medium ရေနံစိမ်းကို ဆင့် ၈၀် လျှော့ချပေးသည်။  ရေနံစိမ်းအပျစ် Arab Heavy ကို ဆင့် ၉၀ လျှော့ချပေးသည်။ 

အာရှအတွက် ဆော်ဒီရေနံစိမ်း တစ်စည်ဈေးနှုန်း (ကန်ဒေါ်လာ)
(အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်းနှင့် ကွာခြားချက်ကို ဖော်ပြသည့်ဈေးနှုန်းဖြစ်သည်)

 

JUNE

MAY

CHANGE

SUPER LIGHT

4.3

5

-0.7

EXTRA LIGHT

2.1

2.8

-0.7

LIGHT

2.55

2.8

-0.25

MEDIUM

2

2.8

-0.8

HEAVY

0.35

1.25

-0.9

 

အဆိုပါ ဈေးနှုန်းအသစ်သည် ဇွန်လတွင် သင်္ဘောတင်မည့် ‌ Arab Light ရေနံစိမ်းများအတွက် ဖြစ်သည်။ 
အာ‌ရှတွင် ရုရှားရေနံစိမ်းများ အဝင်များနေသဖြင့် အ‌ရှေ့အလယ်ပိုင်း ဒေသမှ ရေနံစိမ်းများ အဝယ်လျော့ကျနေသည်ကို ဈေးချပြီး ချိန်ညှိပေးလိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် အကြီးစား ဝယ်လက်များ ဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံသည် ဈေးသက်သာသည့် ရုရှားရေနံစိမ်းကို အမြောက်အမြား တင်သွင်းနေကြသည်။ 

ဆော်ဒီအာရေဗျမှ နိုင်ငံပိုင်လုပ်ငန်း  Saudi Aramco သည် ရေနံစိမ်းဈေးကွက်ကို အသေးစိတ် မျက်ခြေမပြတ် စောင့်ကြည့် သုံးသပ်ကာ ဈေးနှုန်းကို တစ်လတစ်ခါ လဆန်းပိုင်းတွင် လာမည့်လ တစ်လာတာအတွက် သတ်မှတ်ပေးသည်။  


Source oil price
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Energy News Read 294 times