ရေနံစျေးနှုန်းများ ဆော်ဒီအာရေဗျ လျှော့ချ


07 January, 2023

 ရေနံစျေးနှုန်းများ ဆော်ဒီအာရေဗျ လျှော့ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဝယ်လိုအား နှေးကွေးသဖြင့် အာရှနှင့်ဥရောပအတွက် ဆော်ဒီအာရေဗျမှ နိုင်ငံပိုင်လုပ်ငန်း Aramco က ရေနံစျေးနှုန်းများ လျှော့ချလိုက်သည်။ အနောက်မြောက်ဥရောပနှင့် မြေထဲပင်လယ်ဒေသသို့ ရေနံစိမ်း တင်ပို့မှုများအတွက်လည်း စျေးနှုန်းများ လျှော့ချခဲ့သည်။ အမေရိကန်အတွက် ဈေးနှုန်း မပြောင်းလဲပေ။
အစိုးရထိန်းချုပ်ထားသော Saudi Aramco သည် ဖေဖော်ဝါရီလတွင် အာရှသို့ တင်ပို့မည့် ရေနံစိမ်းအမျိုးအစား အားလုံးအတွက် ဈေးနှုန်းများကို လျှော့ချသည်။

ဆော်ဒီအာရေဗျသည် ၎င်း၏ အဓိကစျေးကွက် အာရှနှင့် ဥရောပအတွက်  ရေနံစျေးနှုန်းများကို လျှော့ချသည်မှာ စီးပွားရေးနှေးကွေးမှုနှင့် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုများ မြင့်တက်လာခြင်းတို့ ကြောင့် ဝယ်လိုအား နှေးကွေးနေဆဲ ဖြစ်သဖြင့် ဈေးနှုန်းကို ဝယ်လိုအားအရ ချိန်ညှိပေးလိုက်ခြင်း ဖြစ်သည်။

အာရှသို့ ဖေဖော်ဝါရီလအတွက် အရောင်းဈေးနှုန်းကို ၂၀၂၁ နိုတင်ဘာလနောက်ပိုင်း ၁၅ လတာအတွင်း အနိမ့်ဆုံးသို့ လျှော့ချလိုက်ခြင်းဖြစ်သည်။


ကမ္ဘာ့ထိပ်တန်း ရေနံစိမ်းတင်ပို့သည့် နိုင်ငံ ဆော်ဒီအာရေးဗီးယားသည် အာရှသို့ ရောင်းချသည့် အထင်ကရ အာရပ်အကြဲစား ရေနံစိမ်း Arab light crude ဈေးနှုန်းများကို အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်းအထက် တစ်စည်လျှင် ဒေါ်လာ ၁.၈၀ သို့ လျှော့ချခဲ့သည်။ ၂၀၂၁ နိုဝင်ဘာလ နောက်ပိုင်း အနိမ့်ဆုံး ဈေးနှုန်း ဖြစ်သည်။

 ၂၀၂၃ ဇန်နဝါရီ တရားဝင်ရောင်းချစျေးနှုန်းများထက် တစ်စည်ကို $ 1.45 လျော့နည်းပါသည်။
ရုရှားက ဥရောပသို့ ရောင်းချနေကျ ရေနံများကို အာရှဈေးကွက်သို့ လျှော့ဈေးများဖြင့် တင်ပိူ့နေပြီး လျှော့ဈေးရရှိသဖြင့် တရုတ်နှင့် အိန္ဒိယတို့က ရုရှားရေနံကို တင်သွင်းကြသည်။ နိုဝင်ဘာလတွင် ၎င်း နှစ်နိုင်ငံ တင်သွင်းခဲ့သည့် ရေနံများတွင် ရုရှားရေနံက အများဆုံး ဖြစ်ခဲ့ပါသည်။
Source Reuters 
 

Energy News Read 293 times