အာရှဝယ်လက်များအတွက် ဆော်ဒီအာရေဗျ ရေနံဈေးနှုန်း လျှော့ချ


07 September, 2022

အာရှဝယ်လက်များအတွက် ဆော်ဒီအာရေဗျ ရေနံဈေးနှုန်း လျှော့ချ


ဆော်ဒီအာရေဗျသည် အာရှနှင့်ဥရောပရှိ ဝယ်လက်များအတွက် ကိုဗစ်-၁၉ လော့ဒေါင်းများနှင့် စီးပွားရေး ဆုတ်ယုတ်ကျဆင်းနေခြင်းတို့က ၎င်းဒေသနှစ်ခုတွင် စွမ်းအင်လိုအပ်ချက်အတွက် အဝယ်အေးနေစေသောကြောင့် ဆော်ဒီအာရေဗျသည် ရေနံစျေးနှုန်းများကို လျှော့ချလိုက်သည်။


 

နိုင်ငံပိုင် ဆော်ဒီ Aramco သည် လာမည့်လ အောက်တိုဘာလတွင် အာရှ ရေနံ ချက်လုပ်သန့်စင်ရေး စက်ရုံများသို့ တင်ပို့မှု အတွက် ၎င်း၏ အဓိက ရေနံအမျိုးအစား Arab Light ကို အရှေ့အလယ်ပိုင်း စံနှုန်း (ပုံတွင် မျဉ်းပြာ)ထက် တစ်စည်လျှင် US$ 5.85 သို့ လျှော့ချခဲ့သည်။
စက်တင်ဘာလကထက် ၄ ဒေါ်လာနီးပါး လျော့ကျသွားပါသည်။

ရုရှားနှင့်အတူ ဆော်ဒီ ဦးဆောင်သည့် ရေနံထုတ်လုပ်တင်ပို့နိုင်ငံ ၂၃ ခုပါဝင်သော OPEC+ သည် ရေနံဈေးနှုန်းများ မကျဆင်းအောင် ထိန်းကြဖို့အတွက် အောက်တိုဘာလ ထုတ်လုပ်မှုကို စတိ ဖြတ်တောက်ရန် သဘောတူညီခဲ့ကြပြီး နောက် တစ်ရက်အကြာတွင် ယခုလို အံ့အားသင့်ဖွယ် အဖြစ် ဈေးချပေးကြောင်း ကြေညာခြင်းဖြစ်သည်။


ဆော်ဒီအာရေဗျသည် ၎င်း၏ရေနံအများစုကို အာရှသို့ရောင်းချသည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့က အများဆုံး ဝယ်ယူသည်။
Source Bangkokpost
#MyanmarIndustriesGuide 
Telegram Channel  https://t.me/Guid4U

 

 

Energy News Read 11285 times