ဗီယက်နမ်မှ ဆမ်ဆောင်းစက်ရုံများ အမြတ် ဒေါ်လာ ၁၁.၈ ဘီလီယံ ရရှိ


25 February, 2024

ဗီယက်နမ်မှ ဆမ်ဆောင်းစက်ရုံများ အမြတ် ဒေါ်လာ ၁၁.၈ ဘီလီယံ ရရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

.

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး ဆမ်ဆောင်းသည် ၂၀၂၃ ခုနှစ်တွင်  ဗီယက်နမ်ရှိ ၎င်း၏ စက်ရုံလေးရုံကြောင့် အမြတ်ငွေ ကန်ဒေါ်လာ ၁၁.၈ ဘီလီယံ ရရှိခဲ့ပါသည်။

.

၂၀၂၃ ခုနှစ်တွင် ဆမ်ဆောင်းသည် ဝင်ငွေနှင့် အမြတ်တို့ လျော့ကျခဲ့သည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဝင်ငွေ ၁၅% ကျဆင်းခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ဝင်ငွေ ကန်ဒေါ်လာ ၁၉၈.၂ ဘီလီယံ ရရှိခဲ့ပါသည်။

အမြတ်သည် ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သည့် အမြတ်၏ လေးပုံတပုံမျှသာ ၂၀၂၃ ခုနှစ်တွင် ရရှိသည်။ 

.

ဗီယက်နမ်ရှိ ဆမ်ဆောင်း၏ စက်ရုံ ၄ ရုံတွင် ၃ ရုံသည် ဝင်ငွေနှင့် အမြတ်များ လျော့ကျခဲ့ပါသည်။ 

ဆမ်ဆောင်း ရရှိသည့် ဝင်ငွေ၏ ၃၀.၆% နှင့် အမြတ်၏ ၃၃% ကို စက်ရုံ ၄ ရုံကြောင့် ရရှိခဲ့ပါသည်။ 

.

‌စက်ရုံ ၄ ရုံတွင် ဝင်ငွေနှင့် အမြတ်တို့ အများဆုံး ရရှိသည့်စက်ရုံမှာ Samsung Thai Nguyen စက်ရုံဖြစ်ပြီး ဝင်ငွေ ကန်ဒေါ်လာ ၂၃ ဘီလီယံနှင့် အမြတ် ကန်ဒေါ်လာ ၁.၇ ဘီလီယံ ရရှိစေခဲ့ပါသည်။ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဝင်ငွေ ၁၅% လျော့ကျခဲ့ပြီး အမြတ်‌ငွေ ၁၈% လျော့ကျခဲ့ပါသည်။ 

Samsung Thai Nguyen စက်ရုံသည် ဆမ်ဆောင်း၏ ကမ္ဘာတစ်လွှားရှိ စက်ရုံများတွင် အကြီးမားဆုံး စမတ်ဖုန်း ထုတ်လုပ်ရေး စက်ရုံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကန်ဒေါ်လာ ၇.၅ ဘီလီယံ ဖြစ်ပါသည်။ 

Samsung Electronics Vietnam (SEV)  စက်ရုံသည် ဝင်ငွေ ကန်ဒေါ်လာ ၁၅ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၁၅% လျော့ကျခဲ့ပါသည်။  အမြတ် ကန်ဒေါ်လာ ၁.၁ ဘီလီယံ ရရှိခဲ့ပြီး ၁၀% လျော့ကျခဲ့ပါသည်။ 

 Samsung Display Vietnam (SDV) စက်ရုံသည် ဝင်ငွေ ကန်ဒေါ်လာ ၁၈ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၆% လျော့ကျခဲ့ပါသည်။   အမြတ် ကန်ဒေါ်လာ သန်း ၈၀၀ ရရှိခဲ့ပြီး ၁၀% လျော့ကျခဲ့ပါသည်။ 

 

Samsung Electronics HCMC CE Complex စက်ရုံသည် ဝင်ငွေ ကန်ဒေါ်လာ ၄.၆ ဘီလီယံ ရရှိခဲ့ပြီး  အမြတ် ကန်ဒေါ်လာ သန်း ၃၀၀ ရရှိခဲ့ပါသည်။ အမြတ်ပမာဏသည် ၂၀၂၂ ခုနှစ်ထက် ၄.၂ % ပိုများပါသည်။ 

 

ယခုအထိ ဆမ်ဆောင်းသည် ဗီယက်နမ်တွင် ကန်ဒေါ်လာ ၁၈ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ကန်ဒေါ်လာ ၂ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံမည် ဖြစ်ပါသည်။ 

 

Source vnexpress


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Investment/Divestment Read 427 times