Samsung Group တရားမဝင် ခေါင်းဆောင် Lee Jae-yong ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်


27 October, 2022

Samsung Group တရားမဝင် ခေါင်းဆောင် Lee Jae-yong ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Samsung Group တရားမဝင် ခေါင်းဆောင် Lee Jae-yong ကို Samsung Electronics ဥက္ကဋ္ဌအဖြစ် ကြာသပတေးနေ့ (အောက်တိုဘာ ၂၇)မှာ ရာထူးတိုးခန့်အပ်ပါတယ်။ ကုမ္ပဏီရဲ့ သရဖူကို ဆောင်းခွင့်ရသွားတာ ဖြစ်ပါတယ်။
.
Lee က ၁၉၉၁ ခုနှစ်တွင် နည်းပညာကုမ္ပဏီ Samsung တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဒုဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခံရပါတယ်။
.
သူ့ဖခင် Lee Kun-hee က လွန်ခဲ့တဲ့ ၂ နှစ်မှာ ကွယ်လွန်ခဲ့ချိန်အထိ Samsung Electronics ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကွယ်လွန်ပြီးနောက် ဥက္ကဋ္ဌနေရာ လစ်လပ်နေခဲ့တာ ယခုအချိန်အထိ ဖြစ်ပါတယ်။ Lee Jae-yong က တရားမဝင်ခေါင်းဆောင်အဖြစ် ကုမ္ပဏီကို ဦးဆောင်ခဲ့ပါတယ်။


ယခင်သမ္မတ ပတ်ဂွန်ဟေးရဲ့ လာဘ်စားတဲ့အမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် အရေးယူခံခဲ့ရပြီး ၂၀၂၂ ဩဂုတ်လမှာ လက်ရှိသမ္မတ ယွန်းဆော့ယိုက လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့စာရင်းမှာ Lee Jae-yong ပါဝင်ခဲ့ပါတယ်။
မက်ခရိုစီးပွားရေးမပြေလည်မှုများနှင့် စီးပွားရေး နှေးကွေး‌နေခြင်းတို့မှ ဖြစ်ပေါ်နေတဲ့  စိန်ခေါ်မှုများ များပြားနေချိန်မှာ ဥက္ကဋ္ဌ ရာထူးကို ရရှိတဲ့ Lee ရဲ့ စွမ်းဆောင်ရည်ကို မှတ်ကျောက် အတင်ခံရမှာ ဖြစ်ပါတယ်။
မှတ်သားမှု memory ချစ်ပ် ဈေးကွက်ထဲ ဝယ်လိုအား ကျဆင်းနေတဲ့အတွက် တတိယ ၃ လပတ်မှာ Samsung Electronics ရဲ့ အမြတ် သိသိသာသာ လျော့ကျခဲ့ပါတယ်။ 

ခက်ခဲသောလမ်းကို  လာမည့်လများအတွင်း နောက်နှစ်ထဲအထိ  နည်းပညာကုမ္ပဏီကြီး Samsung လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။
Source Yonhap

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 2337 times