Samsung က စမတ်ဖုန်းထုတ်လုပ်ရေးလိုင်းများကို ဗီယက်နမ်မှ ကိုရီးယားသို့ ပြောင်းရွှေ့


17 February, 2022

Samsung က စမတ်ဖုန်းထုတ်လုပ်ရေးလိုင်းများကို ဗီယက်နမ်မှ ကိုရီးယားသို့ ပြောင်းရွှေ့


Samsung က စမတ်ဖုန်း ထုတ်လုပ်ရေးလိုင်းများကို ဗီယက်နမ်မှ တောင်ကိုရီးယား ဂူမီသို့ ပြောင်းရွှေ့ပါတယ်။

ဗီယက်နမ်ရှိ Samsung စက်ရုံမှ Galaxy S22 series စမတ်ဖုန်းများ ထုတ်လုပ်မှု အောင်မြင်ခဲ့ပေမဲ့ ဗီယက်နမ်အစိုးရက ကိုဗစ်ကို ကိုင်တွယ်တဲ့ မူဝါဒကို စိတ်မချတာကြောင့် ဖြစ်ပါတယ်။ Samsung အဖို့ အရေးပါတဲ့ Galaxy S22 စမတ်ဖုန်း ထုတ်လုပ်မှုများအတွက် ဗီယက်နမ်အပေါ် အားပြုထားခြင်းကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေပြီး လော့ဒေါင်းချတဲ့အခါ ထုတ်လုပ်မှုများ ရပ်ဆိုင်းပြတ်တောက်ကုန်တာကို မလိုလားတဲ့အတွက် ယခုလို ရွှေ့ပြောင်းလိုက်တာဖြစ်ပါတယ်။

 ဗီယက်နမ်ထံမှ အလုပ် မည်ရွေ့မည်မျှ ပြောင်းရွှေ့ လုပ်ကိုင်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါ။ 
Samsung ရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ--- Samsung Electronics က ၎င်း၏ စမတ်ဖုန်း ထုတ်လုပ်ရေးလိုင်း ၂ ခုကို ဂူမီသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ပြည်တွင်းထုတ်လုပ်မှုကို တဖြည်းဖြည်း တိုးမြှင့်သွားပါလိမ့်မည် 
လို့ ဆိုထားပါတယ်။
 
Samsung Electronics က ယခုနှစ်မှာ စမတ်ဖုန်း လုံးရေ သန်း ၃၃၀ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ Samsung ကိုယ်တိုင် ထုတ်လုပ်ခြင်းအပြင် ကိုယ်စားထုတ်လုပ်တဲ့ ODM(original design manufacturer) များဖြင့်လည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ သာဓကအားဖြင့် တရုတ်ပြည်မှ Wingtech Technology Co. Ltd. က ယခုနှစ်မှာ Samsung အတွက် စမတ်ဖုန်းလုံးရေ သန်း ၄၀၀ ထုတ်လုပ်ဖို့ ကန်ထရိုက် ရရှိကြောင်း pandaily.com မှာ သတင်းဖော်ပြခဲ့ပါတယ်။

Global News Read 5819 times