SAMSUNG က ဗီယက်နမ်တွင် ချစ်ပ် အစိတ်အပိုင်းများကို စတင်ထုတ်လုပ်တော့မည်


08 August, 2022

SAMSUNG က ဗီယက်နမ်တွင် ချစ်ပ် အစိတ်အပိုင်းများကို စတင်ထုတ်လုပ်တော့မည်

 

 ဗီယက်နမ်တွင် ချစ်ပ် အစိတ်အပိုင်းများကို SAMSUNG က ၂၀၂၃ တွင် စတင်ထုတ်လုပ်ပါမယ်။

Samsung က  ၎င်းထံသို့  ပစ္စည်းပေးသွင်းသူများ ကွန်ရက်ကို အားကောင်းလာစေရန် အမေရိကန် အပါအဝင် နိုင်ငံအချို့တို့တွင် ကွန်ရက်ကို ဖြန့်ကျက်နေတာရဲ့ အစိတ်အပိုင်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ 

 

ဗီယက်နမ်မီဒီယာ Lao Dong အဆိုအရ Samsung မှ မိုဘိုင်းဆက်သွယ်ရေးဌာန အကြီးအကဲ Roh Tae-Moon နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chin တို့ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းတွင် တွေ့ဆုံခဲ့ကြပါတယ်။

Samsung Electronics က  ၂၀၂၂  ခုနှစ် စတုတ္ထသုံးလပတ် သို့မဟုတ် နောက်အကျဆုံးအနေဖြင့် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ဟနွိုင်းမှာ သုတေသနနှင့် ဖွံ့ဖြိုးရေး R&D စင်တာအသစ်ဖွင့်လှစ်ရန် ပြင်ဆင်နေပါတယ်။ ယခုအခါ ဆောက်လုပ်ရေးစီမံကိန်း ၈၀% ပြီးစီးနေပြီ ဖြစ်ပါတယ်။ အရှေ့တောင်အာရှအတွက် ထားရှိမယ့် သု/ဖွံ့ စင်တာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံ Thai Nguyen ပြည်နယ်ရှိ Samsung Electro-Mechanics စက်ရုံမှာ ချစ်ပ်အစိတ်အပိုင်းများကို အမြောက်အမြား ထုတ်လုပ်ဖို့အတွက် ဦးစွာပထမ ချစ်ပ်အစိတ်အပိုင်းများ အစမ်းထုတ်လုပ်ကြည်ဖို့အတွက် လိုအပ်ချက်များကိုလည်း အသင့်ပြင်ဆင်နေပါတယ်။ ချစ်ပ်အစိတ်အပိုင်းများကို ၂၀၂၃ ဇူလိုင်လမှာ စတင်ထုတ်လုပ်ဖို့ လျာထားပါတယ်။ ball grid array (BGA) လို့ ခေါ်ဝေါ်တဲ့ ချစ်ပ်အောက်ခံအထိုင်ပြားလွှာများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

 

ဗီယက်နမ်-တောင်ကိုရီးယား နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ဗီယက်နမ်အဖို့ တရုတ်နှင့် အမေရိကန်ပြီးလျှင် တောင်ကိုရီးယားက တတိယအများဆုံး ဖြစ်ပါတယ်။ 

ကုန်ထုတ်လုပ်မှုအပိုင်းကိုကြည့်ရင် Samsung စမတ်ဖုန်း ထုတ်လုပ်မှုရဲ့ ၆၀% ကို ဗီယက်နမ်နိုင်ငံမှာ ထုတ်လုပ်ပါတယ်။ 

၂၀၂၂ ဇွန်လကုန်အထိ Samsung Group က ဗီယက်နမ်မှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါတယ်။ မူလက ပေးထားတဲ့ ကတိကဝတ်ထက် ၂၈ ဆ ဖြစ်ပါတယ်။

 

"လုပ်ငန်းစုက ဗီယက်နမ်နိုင်ငံမှ ပစ္စည်းပေးသွင်းသူ ၅၀ ဦးအား ၎င်းတို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး ဗီယက်နမ်တက္ကသိုလ်များ၊  သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမယ်" လို့ Roh က ပြောကြားပါတယ်။

ဗီယက်နမ်အစိုးရက Samsung ကဲ့သို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်သာသော အခြေအနေများ ဖန်တီးရန်နှင့် စီးပွားရေးပတ်ဝန်းကျင် မြှင့်တင်ရန် ကတိပြုထားကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်က ပြောကြားပါတယ်။ 

"Samsung Group လိုအပ်ချက်များနှင့်အညီ  လူသားအရင်းအမြစ်များရဲ့ အရည်အသွေးကို မြှင့်တင်ရန်အတွက် Samsung ၏ အဆိုပြုချက်များကို အစိုးရကလည်း တက်ကြွစွာ ကိုင်တွယ်ဆောင်ရွက်သွားမယ်" လို့ ၎င်းက ပြောကြားပါတယ်။

 

“Samsung က စမတ်ဖုန်းများနှင့် အိမ်သုံးပစ္စည်းများအတွက် ထိရောက်စွာ လုပ်ကိုင်တဲ့ လုပ်ငန်းတစ်ခုကို ဖွံ့ဖြိုးပေးခဲ့ပါတယ်။  ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှုဟာ ဗီယက်နမ်မှာ  အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်မှုအတွက် ကွင်းဆက်အပိတ်တစ်ခု ဖြစ်လာမယ်” လို့ ၎င်းက ပြောကြားပါတယ်။ 

 

၂၀၂၂ ပထမနှစ်ဝက်မှာ ဗီယက်နမ်နိုင်ငံမှ Samsung ပို့ကုန်ဝင်‌ငွေက ကန်ဒေါ်လာ ၃၄.၃ ဘီလီယံ ဖြစ်ပါတယ်။ ယခုနှစ် ရည်မှန်းချက်က ကန်ဒေါ်လာ ၆၉ ဘီလီယံ ဖြစ်ပါတယ်။

 

Samsung က ပစ္စည်းပေးသွင်းသူများ ကွန်ရက် ထူထောင်လျက်ရှိရာ ချစ်ပ်ပုံသွန်းစက်ရုံ တစ်ရုံကို အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး  အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာဆောက်လုပ်ပါမယ်။

 

Samsung က ချစ်ပ်ထုတ်လုပ်နိုင်စွမ်း ခုရေပမာဏကို ၂၀၁၆ မှာ ယခုထက် ၂ ဆ ဖြစ်အောင် လုပ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။

 

မိခင်နိုင်ငံ တောင်ကိုရီးယားမှာလည်း Samsung က အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ် ရှိပါတယ်။

#MyanmarICTGuide 
Telegram Channel https://t.me/Guid4U
Source: asia.nikkei

Investment/Divestment Read 4691 times