တယ်လီနေမြန်မာာ ဝယ်ယူမှု ၅နှစ် အရစ်ကျ ပေးချေမည်


25 March, 2022

တယ်လီနေမြန်မာာ ဝယ်ယူမှု ၅နှစ် အရစ်ကျ ပေးချေမည်

တယ်လီနောမြန်မာ ရောင်းချခြင်းအတွက် Telenor က လာမည့် ၅ နှစ်တာအတွင်း အရစ်ကျ ငွေ ရရှိမယ်လို့ မတ်လ ၂၅ ရက် သောကြာနေ့မှာ အသိပေးကြေညာပါတယ်။

Telenor က ၂၀၂၁  မေလမှာ မြန်မာတယ်လီနောရဲ့ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၇၅၁ သန်းလို့ သတ်မှတ်ခဲ့ပြီး လက်ဘနွန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း M1 နှင့် ပြည်တွင်းလုပ်ငန်း ရွှေဗျိုင်းဖြူတို့ကို အမေရိကန်ဒေါ်လာ ၁၀၅ သန်း ဖြင့် ရောင်းချမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 Telenor က လက်ငင်း အမေရိကန်ဒေါ်လာ သန်း ၅၀ လက်ခံရှိပါတယ်။ ကျန်တဲ့ အမေရိကန်ဒေါ်လာ ၅၅ သန်းကို လာမယ့် ၅ နှစ်တာအတွင်း အရစ်ကျ ရယူဖို့ သဘောတူထားပါတယ်။

 

ယခုအခါ အရောင်းအဝယ်ကိစ္စ ပြီးပြတ်သွားပြီ ဖြစ်ပြီး ပိုင်ရှင်အသစ်လက်ထဲ မြန်မာတယ်လီနော ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ တယ်လီနောမြန်မာ အမည်ဖြင့် လိုင်စင်သက်တမ်းကုန်ဆုံးသည်အထိ ဆက်လက်အသုံးပြုမည်ဖြစ်ကြောင်းကိုလည်း အသိပေးကြေညာထားပါတယ်။

တယ်လီနောမြန်မာ ပိုင်ရှင်အသစ် လက်ထဲ ရောက်ရှိကြောင်း အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။

 

တယ်လီနောမြန်မာ၏ ပိုင်ဆိုင်မှု ပြောင်းလဲခြင်း - ကုမ္ပဏီ၏လုပ်ငန်းများသည်အပြောင်းအလဲမရှိ ဆက်လက်လည်ပတ်နေမည်ဖြစ်


၂၅ ရက် မတ်လ ၂၀၂၂။ ။ ယနေ့မှစတင်၍ တယ်လီနောမြန်မာ၏ပိုင်ဆိုင်မှုအားလုံးကို ပိုင်ရှင်အသစ်သို့အပြီးသတ်လွှဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ပြီး တယ်လီနောလုပ်ငန်းစု၏တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်လက်မရှိတော့ပါ။


စျေးကွက်တွင် ကုန်အမှတ်တံဆိပ်အသစ်အား မိတ်မဆက်ရသေးခင်အချိန်အထိ တယ်လီနောကုန်အမှတ်တံဆိပ်သည် တယ်လီနောမြန်မာလီမိတက် လိုင်စင်အောက်တွင် လအနည်းငယ်ကြာဆက်လက်တည်ရှိနေမည်ဖြစ်သည်။

 

Investment/Divestment Read 562 times