ရုရှား ဆုံးရှုံးသော ရေနံဝင်ငွေ သင်္ဘောလိုင်းများနှင့် ရေနံချက်စက်ရုံ လုပ်ငန်းများအတွက် ငွေရပေါက်ဖြစ်


21 February, 2023

ရုရှား ဆုံးရှုံးသော ရေနံဝင်ငွေ သင်္ဘောလိုင်းများနှင့် ရေနံချက်စက်ရုံ လုပ်ငန်းများအတွက် ငွေရပေါက်ဖြစ်လာ

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

 

ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ရုရှားရေနံဝင်ငွေကို သိသိသာသာ လျော့ကျစေခဲ့ပြီး သင်္ဘောများနှင့် ရေနံချက်စက်ရုံများအဖို့ ကန်ဒေါ်လာဘီလီယံချီ ငွေရပေါက်ရလမ်း ဖြစ်လာသည်။ ၎င်းတို့အထဲတွင် အချို့မှာ ရုရှားအရင်းအနှီး ကျောထောက်နောက်ခံပြုထားသည်။

 

ငွေရပေါက် ရကြသည်တို့တွင် အများစုမှာ တရုတ်၊ အိန္ဒိယ၊ ဂရိနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတွင် အခြေစိုက်ထားသည့် လုပ်ငန်းများဖြစ်ပြီး အရေအတွက် အနည်းဆုံး ၂၀ ရှိသည်။ 

 

မည်သည့်ကုမ္ပဏီများမှ ပိတ်ဆို့အရေးယူမှု စည်းမျဉ်းစည်းကမများကို ချိုးဖောက်ခြင်းမပြုကြောင်း သတင်းရင်းမြစ်များက Reuters သို့ ပြောကြားခဲ့သည်

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ စစ်ယန္တရားအတွက် ၀င်ငွေများကို လျှော့ချရန်အတွက် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က ရေးဆွဲထားသည့် စီမံချက်များမှ အကျိုးအမြတ်များ ရရှိ‌နေကြခြင်းဖြစ်သည်။

 

ယူကရိန်းပဋိပက္ခသည် ဒုတိယနှစ်သို့ဦးတည်လာသည်နှင့်အမျှ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှား၏ ရေနံဝင်ငွေကျဆင်းသွားသော်လည်း တင်ပို့သည့် ပမာဏမှာ  အတော်အတန် တည်ငြိမ်နေခဲ့သည်ဟု တွက်ချက်ခန့်မှန်းမှုများက အဖြေထုတ်ထားသည်။

 

ပိတ်ဆို့အရေးယူမှုများသည် စွမ်းအင်စျေးနှုန်းများ မြင့်တက်စေမည်ဟု အနောက်အုပ်စုကို ပူတင်က ပြောကြားခဲ့သည်။

 

 ထိုသို့ ဖြစ်မလာဘဲ  နိုင်ငံတကာစံနှုန်း Brent ရေနံစျေးနှုန်းများသည် စစ်ပွဲစတင်ပြီး ရက်သတ္တပတ်များအတွင်း ၂၀၂၂ မတ်လတွင်  တစ်စည် $139 

 အမြင့်ဆုံးသို့ ထိုးတက်ခဲ့ပြီးနောက်  တစ်စည်လျှင် $80 သို့ ကျဆင်းသွားခဲ့သည်။

 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် မော်စကို၏ ယူကရိန်းကို မကျူးကျော်မီတွင် Brent သည် တစ်စည်လျှင် ၆၅ ဒေါ်လာမှ ၈၅ ဒေါ်လာအထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။

 

ဒီဇင်ဘာလတွင် စက်မှုဖွံ့ဖြိုးပြီး ၇ နိုင်ငံ Group of Seven  (G7) က ရုရှားရေနံကို စျေးနှုန်းသတ်မှတ်ပြီးနောက် ရုရှားရေနံတင်ပို့သည့် ဝင်ငွေသည် ၂၀၂၃ ဇန်နဝါရီလတွင် စစ်မဖြစ်ခင် ၂၀၂၂ ဇန်ဝါရီလထက် ၄၀% ကျဆင်းခဲ့ကြောင်း ရုရှား ဘဏ္ဍာရေးဝန်ကြီး  ပြောကြားခဲ့သည်။

"တရားဝင် ရေနံစျေးနှုန်း နိမ့်ကျခြင်းကြောင့် ရုရှားနိုင်ငံတော်ဘတ်ဂျက် မကြာသေးမီရက်သတ္တပတ်များအတွင်း ထိခိုက်နစ်နာခဲ့ရပါတယ်"ဟု Sergey Vakulenko က ပြောကြားခဲ့သည်။

Vakulenko သည် ယခင်က ရုရှား စွမ်းအင်မဟာ လုပ်ငန်းကြီး Gazprom Neft ၏ မဟာဗျူဟာမှူး ဖြစ်သည်။ ယူကရိန်း စစ်ပွဲအစတွင် အလုပ်မှ နုတ်ထွက်ခဲ့သည်။

 

“အကောက်ခွန်စာရင်းဇယားတွေအရ အကျိုးကျေးဇူးတချို့ကို အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့မှ ရေနံချက်စက်ရုံများက ရရိခဲ့ကြပါတယ်။ ဒါပေမဲ့ အဓိက ရရှိကြတာ ကုန်စည်ပို့ဆောင်ရေး၊ ကြားခံပွဲစားနှင့် ရုရှားရေနံကုမ္ပဏီအချို့တို့ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

တွေက ဖမ်းမိခဲ့ပါတယ်။

 

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုသည် နိုင်ငံတစ်ခုအပေါ်  အပြင်းထန်ဆုံး ချမှတ်မှုဟု ဆိုနိုင်သည်။အမေရိကန်နှင့် အီးယူတို့ ရုရှားစွမ်းအင်ဝယ်ယူ မှုအား လုံးလုံးလျားလျား တားမြစ်သည်။

ရုရှားရေနံစိမ်းကို တစ်စည်လျှင် ကန်ဒေါ်လာ ၆၀ သို့မဟုတ် ကန်ဒေါ်လာ ၆၀ အောက် မရောင်းချပါက ကမ္ဘာပေါ်ရှိ မည်သည့်နေရာသုိ့မဆို တင်ပို့ခြင်းကို တားမြစ်ထားသည်။

 

အီးယူ မဝယ်တော့သည့် ရေနံများနှင့် ရေနံထွက်ပစ္စည်းများကို ရုရှားက လျှော့ဈေး များများစားစား ပေးပြီး အာရှဈေးကွက်သို့ ရောင်းချသည်။ အဓိကအားဖြင့် တရုတ်နှင့် အိန္ဒိယမှ ဝယ်လက်များထံ ရောင်းချသည်။ အရှေ့အလယ်ပိုင်းဒေသမှ ရေနံထက် ဈေးသက်သာသော ဈေးနှုန်းများဖြင့် ရောင်းချသည်။

 

သင်္ဘောတင်ခွင့်နှင့် စျေးနှုန်းကန့်သတ်ချက်များကြောင့် ဝယ်သူများက လက်ရှောင်လိုကြပြီး ဝယ်ယူပါက ပို့ဆောင်ခပေးရန် ရုရှားကို ဖိအားပေးခဲ့ကြသည်။ရုရှားတွင် ၎င်း၏ ရေနံပို့ကုန်အားလုံးကို သယ်ဆောင်ရန် ရေနံတင်သင်္ဘောများ လုံလုံလောက်လောက် မရှိချေ။ သို့ဖြစ်ရာ ပို့ဆောင်ခ ကာမိရန် ရေနံကို ဈေးလျှော့ရောင်းချပေးသည်။ 

အိန္ဒိယနှင့် တရုတ်နိုင်ငံရှိ ဝယ်လက်များအတွက် ရေနံစိမ်းတစ်စည်လျှင် ၁၅ မှ ၂၀ ကန်ဒေါ်လာအထိ လျှော့စျေးပေးသည်။

ထို့ပြင် ရေနံတင်သင်္ဘောကုမ္ပဏီများကို ရုရှားရေနံစိမ်းများ အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးရန်အတွက် တစ်စည်လျှင် ၁၅ မှ ၂၀ ကန်ဒေါ်လာအထိ ပေးသည်။ 

သို့ဖြစ်ရာ နောက်ဆုံးရလဒ်မှာ ရုရှားကုမ္ပဏီများသည် ဇန်နဝါရီလတွင် ရုရှားဆိပ်ကမ်းများမှ သင်္ဘောတင်သည့် ယူရယ်ရေနံစိမ်း တစ်စည်လျှင် ကန်ဒေါ်လာ ၄၉.၄၈ မျှသာရရှိခဲ့ကြသည်။ ယမန်နှစ်ထက် ၄၉% ပိုနည်းပြီး ဥရောပ Brent စံဈေးနှုန်း၏ ၆၀% ကိုသာ ရရှိသည်ဟု ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားသည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Energy News Export, Import Read 323 times