ရုရှားရေနံ အစား ဆော်ဒီရေနံ  အာရှဝယ်ယူမှု များလာ


23 August, 2022

ရုရှားရေနံ အစား ဆော်ဒီရေနံ  အာရှဝယ်ယူမှု များလာ

ရုရှားရေနံ ဈေးသက်သာသဖြင့် ဝယ်လိုအား များပြားလာသဖြင့် ဈေးမြင့်တက်လာခဲ့တာကြောင့် အချို့ဝယ်လက်များက လက်ရှောင်လိုက်ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အာရှသို့ ရုရှားရေနံ တင်ပို့မှုဟာ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း အနည်းဆုံးပမာဏ ဖြစ်ခဲ့ပါတယ်။ ပျမ်းမျှ တစ်ရက်လျှင် စည်ပေါင်း ၂ သန်းအောက်သို့ ရောက်ရှိခဲ့ပါတယ်။ 
ရုရှားရေနံ တင်ဆောင်ထားတဲ့ ရေနံတင်သင်္ဘောများ သီရိလင်္ကာနှင့် အီဂျစ် နိုင်ငံများသို့ ပို့ဆောင်ကြတယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။


အိန္ဒိယက  ရုရှားရေနံစိမ်းဝယ်ယူမှုကို ဇူလိုင်လတွင် လျှော့ချခဲ့ပြီး သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးတဲ့  ဆော်ဒီရေနံကို တိုးမြှင့်ဝယ်ယူခဲ့ပါတယ်။ ရုရှားရေနံ ဝယ်ယူမှု ၇.၃% ခန့်ကျဆင်းသွားခဲ့ပြီး ဆော်ဒီရေနံတင်သွင်းမှု ၂၅.၆% တိုးလာခဲ့ပါတယ်။

ဝယ်လိုအား ခိုင်မာနေခြင်းနှင့် ရရှိနိုင်တဲ့ပမာဏ အကန့်အသတ် ရှိနေခြင်းကြောင့် ရုရှားရေနံ ဈေးနှုန်းများ တက်သွားသဖြင့် ရုရှားရေနံစိမ်းကို ဝယ်လိုအား လျော့နည်းသွားပုံပေါ်ပါတယ်။

ယူကရိန်းစစ်ပွဲ စတင်ခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းအလွန်တွင် အိန္ဒိယက ရုရှားရေနံစိမ်းများ ဝယ်ယူခဲ့ရာ မတ်လမှစ၍ ဇူလိုင်လအထိ  ၅ လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် လျှော့ချလိုက်တာဖြစ်ပြီး ဆော်ဒီအာရေဗျရဲ့  စျေးသက်သာသော ရေနံစိမ်းကို တိုးမြှင့်ဝယ်ယူနေတာ ဖြစ်ပါတယ်။

ဇူလိုင်လမှာ ရုရှားရေနံ ပျမ်းမျှ တစ်ရက်လျှင် စည်ပေါင်း ၈၇၇,၄၀၀ ကို အိန္ဒိယက ဝယ်ယူတင်သွင်းခဲ့ပါတယ်။ ဇွန်လထက် ၇.၃% ခန့် လျော့နည်းခဲ့ပါတယ်။ 
ဆော်ဒီအာရေဗျက အာရှမှဝယ်လက်များကို ဇွန်လနှင့် ဇူလိုင်လမှာ တရားဝင်ရောင်းဈေး ဈေးလျှော့ပေးခဲ့ပါတယ်။ 

ဆော်ဒီအာရေဗျ တစ်နိုင်ငံတည်းကသာ ချိုသာသောဈေးနှုန်းများဖြင့် အာရှဝယ်လက်များကို ဆွဲဆောင်နေတာတော့ မဟုတ်ပါဘူး။ ဈေးသက်သာတဲ့ အမေရိကန် ရေနံစိမ်းကလည်း တောင်ကိုရီးယားနှင့် အိန္ဒိယတို့မှ ရေနံချက်စက်ရုံများအတွက် ဝယ်ယူသူများကို ဆွဲဆောင်ပါတယ်။ 
 
ဇူလိုင်လတွင် အိန္ဒိယက ဆော်ဒီအာရေဗျမှ ရေနံတင်သွင်းမှုသည်  ၂၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သုံးလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။ ပျမ်းမျှ တစ်ရက်လျှင် စည် ၈၂၄,၇၀၀ တင်သွင်းခဲ့ပါတယ်။ 

လက်ရှိတွင်  အိန္ဒိယနှင့် တရုတ်တို့က  ရုရှားရေနံစိမ်းကို အများဆုံးတင်သွင်းနေတဲ့ ၂ နိုင်ငံ ဖြစ်ပါတယ်။
Source Reuters 
#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U

Energy News Read 418 times