တရုတ်ရေနံလုပ်ငန်းကြီးများ ရုရှားရေနံစိမ်း အဓိကအားထား ဝယ်ယူ


24 April, 2023

တရုတ်ရေနံလုပ်ငန်းကြီးများ ရုရှားရေနံစိမ်း အဓိကအားထား ဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်အစိုးရပိုင် ရေနံကုမ္ပဏီကြီးများနှင့် အဓိကပုဂ္ဂလိကရေနံချက်လုပ်ငန်းကြီးများသည် ရုရှားရေနံစိမ်းများကို ဝယ်ယူနေကြသဖြင့် အသေးစား ရေနံချက်လုပ်ငန်းများသည် အီရန်ရေနံကဲ့သို့သော စျေးပေါသော အခြားရေနံစိမ်းများကို ဝယ်ယူတင်သွင်းကြရသည်။
.
ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ စတင်ခါစတွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ဝယ်လက်များသည် ရုရှားရေနံကို လက်ရှောင်ထားခဲ့ကြသည်။ 
.
နိုင်ငံပိုင် ရေနံချက်လုပ်ငန်းများ ဖြစ်ကြသည့်  PetroChina  နှင့် Sinopec  တို့သည် ဖေဖော်ဝါရီလတွင် တင်သွင်းမှုကို ပြန်လည်စတင်ခဲ့ကြသည်နောက်ပိုင်းတွင် အခြားရေနံချက်လုပ်ငန်းများသည် ရုရှားရေနံစိမ်းကို စိတ်ချလက်ချဖြင့် ဝယ်ယူနေကြပြီဖြစ်သည်။


ပုဂ္ဂလိက ရေနံချက်လုပ်ငန်းကြီးများဖြစ်သည့် Hengli Petrochemical နှင့် Jiangsu Eastern Shenghong Co တို့သည် ရုရှားရေနံစိမ်းများကို မတ်လမှ စတင်လက်ခံခဲ့ကြောင်း ကုန်သည်များနှင့် Refinitiv, Kpler နှင့် Vortexa တို့မှ သင်္ဘောခြေရာခံဒေတာများအရ သိရသည်။
သင်္ဘောတစ်စီးလျှင် ရေနံစိမ်း ၇၄၀,၀၀၀ စည် ပါသော သင်္ဘော ၄ စီးသည် ဆာလဖာ ပါဝင်နှုန်း နည်းသည့် ESPO ရေနံစိမ်းများကို  Dalian ဆိပ်ကမ်းမှ Hengli ၏ ဆိပ်ခံသို့ မတ်လတွင် ဆိုက်ကပ်ပြီး ဆီချခဲ့ကြသည်။ နောက်ထပ် ၂ စင်းသည် ဧပြီလတွင် ဆိုက်ကပ်ခဲ့ကြသည်။
.
Shenghong သည် ရုရှား Urals ရေနံစိမ်းများကို

  • မတ်လတွင် စည်ပေါင်း ၇၂၀,၀၀၀ ခန့် နှင့် 
  •  ဧပြီလတွင် စည် ၁ သန်း တင်သွင်းခဲ့သည်။

 .
ဧပြီလတွင် PetroChina သည် ယူနန်ပြည်နယ်ရှိ ၎င်း၏ ယူနန် ရေနံချက်စက်ရုံသို့ ပိုက်လိုင်းဖြင့် ဆက်သွယ်ထားသည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မဒေကျွန်း ဆိပ်ကမ်းမှတစ်ဆင့် စည်ပေါင်း ၁ သန်းခန့် ရယူခဲ့သည်။

 

ပိုက်လိုင်းနှင့် သင်္ဘောများ အပါအဝင် တရုတ်၏ ရုရှားရေနံစိမ်း စုစုပေါင်း တင်သွင်းမှုသည် မတ်လတွင် စံချိန်တင် တန်ချိန် ၉.၆၁ သန်း သို့မဟုတ် တစ်ရက်လျှင် စည်ပေါင်း ၂.၂၆ သန်း barrels per day (bpd) သို့ မြင့်တက်ခဲ့ကြောင်း အကောက်ခွန် အချက်အလက်များတွင် ဖော်ပြထားသည်။

 

 

 ရေနံချက်လုပ်ငန်းကြီးများက ရုရှားရေနံစိမ်း Urals  နှင့် ESPO တို့ကို အလုံးအရင်းဖြင့် ဝယ်ယူတင်သွင်းနေကြသဖြင့် ရေနံချက်လုပ်ငန်းအသေးစားများသည် အခြား ဈေးသက်သာသော ရုရှားအာတိတ်ရေနံစိမ်း၊ အီရန်ရေနံစိမ်း၊ ဗင်နီဇွဲလားရေနံစိမ်းတို့ကို တင်သွင်းကြသည်။ 
.
အသေးစားရေနံချက်လုပ်ငန်းများ အများစု တည်ရှိရာ ရှန်ဒေါင်ပြည်နယ်သို့ ရုရှားအာတိတ်  Varandey ရေနံစိမ်း စည် ၄.၂ သန်းကို မတ်လတွင် စံချိန်တင် တင်သွင်းခဲ့သည်။ 
တရုတ်၏ မတ်လအတွက် အကောက်ခွန်အချက်အလက်များတွင် အီရန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ ရေနံစိမ်း တင်သွင်းမှု ပြသထားခြင်း မရှိပေ။ အမေရိကန်က ပိတ်ဆို့အရေးယူထားသဖြင့် တိုက်ရိုက်တင်သွင်းခြင်းမပြုဘဲ တစ်ဆင့်ခံမှတစ်ဆင့် ရေနံစိမ်း အမည်ပြောင်းပြီး တင်သွင်းကြသည်။
.
မလေးရှားကမ်းလွန်မှ ရေနံစိမ်း သင်္ဘောပြောင်းတင်သည့် ဆုံချက်မှ ရေနံစိမ်း စည် ၁.၀၇ သန်း မတ်လတွင် တရုတ်နိုင်ငံက တင်သွင်းခဲ့သည်။ 
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 355 times