ဩဂုတ်လတွင် ရုရှားရွှေ တန်ချိန် ၅.၇ တန် ဆွစ်ဇာလန် တင်သွင်း


23 September, 2022

ဩဂုတ်လတွင် ရုရှားရွှေ တန်ချိန် ၅.၇ တန် ဆွစ်ဇာလန် တင်သွင်း

ရင်းနှီးမြုပ်နှံသူများသည် တားမြစ်ထားသော ရုရှားရွှေများကို ပြန်လည်အရည်ကြိုသန့်စင်ပြီး ပြန်လည်ရောင်းချရန်အတွက် ရုရှားရွှေများကို မျက်စိကျနေသောကြောင့် ရုရှားရွှေများသည် ဆွစ်ဇာလန်ကို ၂ နှစ်ကျော်ကာလအတွင်း တန်ချိန်အများဆုံး တင်သွင်းခဲ့ကြသည်။

ဆွစ်ဇာလန် အကောက်ခွန် ဒေတာအရ ရုရှားရွှေ တန်ကြေး ကန်ဒေါ်လာ သန်း ၃၂၀ ခန့် ရှိသည့်  ၅.၇ တန်ခန့် ဩဂုတ်လတွင် ဆွစ်ဇာလန်သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။ 
၂၀၂၀ ပြည့်နှစ် ဧပြီလနောက်ပိုင်းတွင် တန်ချိန် အများဆုံး စံချိန်တင် တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။

ရုရှား‌ရွှေချောင်းများကို ကိုင်ဆောင်ထားသည့်  ရင်းနှီးမြှုပ်နှံသူများက ဆွစ်ဇာလန်နိုင်ငံရှိ ရွှေသန့်စင်စက်ရုံမှာ ရွှေချောင်းများ ပြန်လည်ထုတ်လုပ် တံဆိပ်ခတ်နှိပ်ပြီး ပြန်လည်ရောင်းချရန်အတွက် ယခုလို အများအပြား တင်သွင်းကြခြင်း ဖြစ်မည်ဟု ယူဆရသည်။

အမေရိကန်၊ အီးယူနှင့် ဆွစ်ဇာလန်တို့က ရုရှားရွှေတင်ပို့မှုအားလုံးကို ပိတ်ဆို့အရေးယူထားသော်လည်း ဩဂုတ် ၄ ရက်မတိုင်မီက ရုရှားမှ ထွက်ခွာသွားသော ရွှေချောင်းများသည် ပိတ်ပင်မှုတွင် အကျုံးမဝင်ပေ။
ယခုအခါ အရေးယူပိတ်ဆို့မှုကြောင့် ရုရှားရွှေကို ရင်းနှီးမြှုပ်နှံသူတို့ လက်ရှောင်ကြသည် ဆိုသော်လည်း ယခင်က ရောက်နေနှင့်ပြီးသား ရုရှားရွှေများ ယူကေ၊ အမေရိကန်နှင့် ဆွစ်ဇာလန်တို့တွင် တန်ချီ ရာနှင်ချီပြီး သိမ်းဆည်းထားကြပါသည်။

ရုရှားနိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ရွှေတူးဖော်သည့်နိုင်ငံဖြစ်သော်လည်း  ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် ထုတ်လုပ်မှု ကျဆင်းခဲ့ပါသည်။
Source business insider
#MyanmarIndustriesGuide 
To join Telegram Channel  https://t.me/Guid4U

Banking & Loan Export, Import Read 414 times