ရုရှားရေနံစိမ်း တင်ပို့မှုသည် အာရှသို့ စီးဆင်း


12 February, 2023

ရုရှားရေနံစိမ်း တင်ပို့မှုသည် အာရှသို့ စီးဆင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အာရှဈေးကွက်များသည် ရုရှားရေနံဝယ်လိုအား ကောင်းနေဆဲ ဖြစ်သည်။ ရုရှားမှ Ural ရေနံစိမ်းသည် ၂၀၂၃ ဇန်နဝါရီလအတွင်း ပင်လယ်ရေကြောင်းမှ အာရှဈေးကွက်များသို့ တင်ပို့မှု သိသိသာသာ မြင့်တက်လာသည်။

Ural ရေနံစိမ်း တန်ချိန် ၅.၁ သန်းထက်မနည်းကို ရုရှား၏ ဥရောပဆိပ်ကမ်းများဖြစ်သော Primorsk၊ Ust-Luga နှင့် Novorossiysk တို့မှ အာရှသို့ ဇန်နဝါရီလတွင် တင်ပို့ခဲ့သည်။
နောက်ထပ် တန်ချိန် ၁ ဒသမ ၉ သန်းကို မည်သည့်နေရာသို့ ပေးပို့ကြောင်း မသိကြရချေ။
အိန္ဒိယ သို့မဟုတ် တရုတ်တွင် အဆုံးသတ်လိမ့်မည်ဟု ကုန်သည်အများစုက  ယူဆကြသည်။

ရလဒ်အနေဖြင့် Urals ရေနံစိမ်းသည် ၂၀၂၃ ဇန်နဝါရီလတွင် အာရှသို့ တင်ပို့သည့် ပမာဏ တန်ချိန် ၇ သန်းခန့်အထိ ရောက်ရှိနိုင်ကြောင်း၊ ၂၀၂၂ ဒီဇင်ဘာလထက် တန်ချိန် ၂ သန်း ပိုများကြောင်း ရိုက်တာမီဒီယာက တွက်ချက် အဖြေထုတ်သည်။

 Primorsk နှင့် Ust-Luga ဆိပ်ကမ်းတို့မှ ၂၀၂၃ ဇန်နဝါရီလ ရေနံစိမ်း တင်ပို့မှုသည် တန်ချိန် ၇ သန်းအထက်သို့ ရောက်ရှိခဲ့သည်။ ၂၀၂၂ ဒီဇင်ဘာလထက် ၅၀% ပိုများသည်။ ပြီးခဲ့သည့် ၄ နှစ်တာ ကာလတွင် အများဆုံး ဖြစ်သည်။
 

၂၀၂၃ ဇန်န၀ါရီလတွင်  သင်္ဘောမှ သင်္ဘောသို့ လွှဲပြောင်းတင်ပေးပြီး အာရှသို့ ပေးပို့သည့် ပမာဏသည် အနည်းဆုံး တန်ချိန် ၁.၄ သန်းအထိ ရှိမည်ဟု ခန့်မှန်းသည်။

ရုရှားနိုင်ငံသည် ၎င်း၏ ရေနံစိမ်း ကုန်သွယ်မှုကို အီးယူအစား အခြားဈေးကွက်များသို့ ပြောင်းလဲပေးပို့ ခဲ့ရာ  အဓိကအားဖြင့် အာရှနှင့် လက်တင်အမေရိကသို့ ‌တင်ပို့ခဲ့သည်။

Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Tips Read 354 times