ရုရှားက ငွေပေးချေမှု ကိစ္စရပ်ကြောင့် အာရှဝယ်လက်ထံ သဘာဝဓာတ်ငွေ့ တင်ပို့မှု ရပ်ဆိုင်း


28 August, 2022

ရုရှားက ငွေပေးချေမှု ကိစ္စရပ်ကြောင့် အာရှဝယ်လက်ထံ သဘာဝဓာတ်ငွေ့ တင်ပို့မှု ရပ်ဆိုင်း

ရုရှားက အာရှမှ ဝယ်လက်တစ်ဦးထံ  သဘာဝဓာတ်ငွေ့ရည် liquefied natural gas LNG ပေးပို့မှု ရပ်ဆိုင်းထားလိုက်ပါတယ်။ ရုရှားရဲ့ စွမ်းအင်အော်ပရေတာ အသစ်ဖြစ်တဲ့ Sakhalin Energy ထံ ငွေပေးချေမှု ကိစ္စရပ်များ မပြေလည်တာကြောင့် ရပ်ထားလိုက်တာ ဖြစ်ပါတယ်။ 

အာရှဝယ်လက်ကို ရုရှားက အရောင်းရပ်ထားတာ ယခုအကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ 

Sakhalin Energy က  LNG ကို အာရှ ဝယ်ယူသူထံ ပေးပို့မှု ရပ်ဆိုင်းထားလိုက်တာဟာ ပြန်လည်ပြင်ဆင်ထားသော ကန်ထရိုက်စာချုပ်ကို လက်မှတ်ရေးထိုးရာတွင် နှောင့်နှေးခြင်းကြောင့် ဖြစ်တယ်လို့ အကြောင်းသိ ကုန်သည်နှစ်ဦးက Bloomberg မီယာကို ပြောကြားပါတယ်။


လုပ်ငန်းသစ်  Sakhalin Energy ကို စတင်တည်ထောင်ချိန်ကတည်းက အဆိုပါ ပြန်လည်ပြင်ဆင်ထားသော စာချုပ်များကို အာရှဖောက်သည်များအား ရုရှားက ပေးပို့ထားပါတယ်။။

ရုရှားရဲ့ သက်တမ်းအရင့်ဆုံး LNG စက်ရုံ ပိုင်ဆိုင်မှုကို ဘာမြူဒါအခြေစိုက် ကုမ္ပဏီထံမှ ရုရှားက လွှဲပြောင်းရယူဖို့ Sakhalin Energy ကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ 

ပြန်လည်ပြင်ဆင်ထားတဲ့ စာချုပ်မှာ LNG ဝယ်ယူသူက တကယ်လို့ အနောက်နိုင်ငံများရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် အမေရိကန်ဒေါ်လာဖြင့် ပေးချေဖို့ ပြဿနာများ ရှိနေရင် အခြားနိုင်ငံသုံးငွေဖြင့် ပေးချေရမယ်ဆိုတဲ့အချက် ပါဝင်ပါတယ်။
အာရှမှ ဝယ်ယူသူအများစုက အဆိုပါစာချုပ်ကို လက်မှတ်မထိုးသေးဘဲ ရှောင်လွှဲထားကြတယ်လို့  Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။
Source markets business insider 
#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U

Energy News Export, Import Read 794 times