ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီ ဖွဲ့စည်း


16 August, 2022

ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီ ဖွဲ့စည်း
 


ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူပြီး သိုလှောင်ဖြန့်ဖြူးရန် ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီ ကို ဖွဲ့စည်းလိုက်ပါသည်။


ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်

(က) စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီသည် နိုင်ငံတော်၏ မူဝါဒများ၊ စီးပွားရေး မူဝါဒလုပ်ထုံးလုပ်နည်းများအတိုင်း နိုင်ငံတော်၏ လိုအပ်ချက်အပေါ်မူတည်၍ စက်သုံးဆီများ မှာယူတင်သွင်း၍ သိုလှောင်ဖြန့်ဖြူးခြင်းဆောင်ရွက်ရန်

( ခ ) အရည်အသွေးပြည့်မီမှန်ကန်ပြီးဈေးနှုန်းသက်သာသည့် စက်သုံးဆီများဝယ်ယူတင်သွင်း၍ပြည်တွင်းတွင် သိုလှောင်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်၊

(ဂ) စက်သုံးဆီဝယ်ယူခြင်းတင်သွင်းခြင်း၊ သယ်ယူခြင်းတို့အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရန်

(ဃ) လစဉ်လိုအပ်သည့် နိုင်ငံခြားငွေကြေးပမာဏအား နိုင်ငံတော်သို့ တင်ပြတောင်းခံရန်၊

(င) စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများအချိန်မီရောက်ရှိရေး ဆက်သွယ်ကြပ်မတ်ဆောင်ရွက်ရန်၊

(စ) စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများရောက်ရှိလာချိန်တွင် အချိန်မီအရည်အသွေး (စံချိန်စံညွှန်း) အရေအတွက်မှန်ကန်မှု ရှိ မရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စစ်ဆေးရန်၊

(ဆ) သိုလှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ပန်ကြီးဌာနများ အဖွဲ့အစည်းများအား ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရန်

( ဇ ) တင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး ကြပ်မတ်ရန်၊

(ဈ) ဦးဆောင်ကော်မတီအနေဖြင့် ရုရှားနိုင်ငံမှထွက်ရှိသော စက်သုံးဆီနှင့် ရေနံထွက်ဓာတုဗေဒပစ္စည်းများ အပြင် အခြားလိုအပ်ချက်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်။

 

MIG

Energy News Read 1093 times