ရုရှား တင်ပို့သမျှ ရေနံစိမ်း အားလုံးနီးပါး တရုတ်နှင့် အိန္ဒိယ ဝယ်ယူဟု ရုရှား ဒုဝန်ကြီးချုပ် ပြောကြား


27 December, 2023

ရုရှား တင်ပို့သမျှ ရေနံစိမ်း အားလုံးနီးပါး တရုတ်နှင့် အိန္ဒိယ ဝယ်ယူဟု ရုရှား ဒုဝန်ကြီးချုပ် ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ယခုနှစ်အတွင်း ရုရှား ရေနံတင်ပို့မှု အားလုံးနီးပါးကို တရုတ်နှင့် အိန္ဒိယသို့ တင်ပို့ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် Alexander Novak က ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၇) တွင် ပြောကြားခဲ့သည်။

  
ရုရှားသည် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို တုံ့ပြန်ခဲ့ရာ၌ ရေနံစိမ်း တင်ပို့သည့် ဦးတည်ချက်ကို ဥရောပအစား အာရှသို့ ဦးတည်ချက် ပြောင်းလဲခဲ့သည်။ တင်ပို့မှု စုစုပေါင်း၏ ၉၀% ဝန်းကျင်ကို တရုတ်နှင့် အိန္ဒိယသို့ တင်ပိုခဲ့သည်ဟု Novak က ပြောကြားသည်။

ဥရောပသို့ ယခင်က ၄၀-၄၅% ခန့် တင်ပို့ခဲ့ပြီး ယခုအခါ ၄-၅% ဝန်းကျင်သာ တင်ပို့သည်ဟု ၎င်းက ပြောကြားသည်။

တရုတ်သို့ ၄၅-၅၀% ဝန်းကျင် တင်ပို့သည်။
အိန္ဒိယသို့ ယခင်က တင်ပို့ခြင်း မရှိခဲ့ပါ။ ယခုအခါ ၄၀% ကို အိန္ဒိယသို့ တင်ပို့ကြောင်း Novak က ပြောကြားသည်။


OPEC+ ရေနံထုတ်လုပ်သူအုပ်စုအကြောင်း ပြောရာ၌ Novak က ရုရှားသည် ရေနံစိမ်း လျှော့ထုတ်ရန် ကတိကဝတ်များကို လိုက်နာမည်ဟု ပြောကြားသည်။ 
လာမည့်နှစ်တွင် Brent ရေနံစျေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ 80 မှ $85 အတွင်း ရှိလိမ့်မည်ဟု ၎င်းက ပြောကြားပါသည်။

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 286 times