ပိတ်ပင်မှုမစတင်မီ   ဥရောပ ကုန်သည်များ ရုရှားဒီဇယ်ဆီ သိုလှောင်


22 November, 2022

ပိတ်ပင်မှုမစတင်မီ   ဥရောပ ကုန်သည်များ ရုရှားဒီဇယ်ဆီ သိုလှောင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၃ ဖေဖော်ဝါရီလတွင် ဥရောပသမဂ္ဂမှ တားမြစ်ပိတ်ပင်မှု မစတင်မီတွင် ဥရောပကုန်သည်များသည် ဒေသတွင်းရှိ လှောင်ကန်များကို ရုရှားဒီဇယ်ဆီဖြည့်ရန် အလျင်စလို လုပ်ဆောင်နေကြသည်။ ရုရှားဒီဇယ် အစားထိုး ရနိုင်သည့် ရင်းမြစ်များထံမှ လိုသလောက် မရနိုင်သဖြင့် ယခုအခါ ရုရှားဒီဇယ်ဆီ ဝယ်ယူသိုလှောင်နေကြသည်။
.
ဥရောပသည် ရုရှားဒီဇယ်ဆီကို အားကိုးအားထား ပြုနေရသော်လည်း ၂၀၂၃ ဖေဖော်ဝါရီလ ၅ ရက်တွင် အီးယူက ရုရှားရေနံထုတ်ကုန်များကို ပိတ်ပင်တော့မည် ဖြစ်သည်။
၂၀၂၂ ဒီဇင်ဘာလတွင် ရုရှားရေနံစိမ်းကို စတင်ပိတ်ပင်မည် ဖြစ်သည်။

ဥရောပသို့ ရုရှားဒီဇယ် ပို့ဆောင်သည့် ပမာဏသည် နိုဝင်ဘာလ ၁ ရက်မှ ၁၂ ရက်အထိကာလအတွင်း တစ်ရက်လျှင် စည်ပေါင်း ၂၁၅,၀၀၀ သို့ ရောက်ရှိခဲ့သည်ဟာ စွမ်းအင်လေ့လာဆန်းစစ်ရေးလုပ်ငန်း Vortexa မှ အကြီးတန်း ဈေးကွက်ဆန်းစစ်သူ Pamela Munger က ပြောကြားသည်။
ဥရောပ တင်သွင်းသည့် ဒီဇယ်စုစုပေါင်း၏ ၄၄% သည် ရုရှားဒီဇယ် ဖြစ်သည်အထိ မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် ၃၉% ရှိ‌ခဲ့ကြောင်း Refinitiv အချက်အလက်များတွင် ဖော်ပြထားသည်။ ယခင်က ၅၀% ကျော်အထိ ရှိခဲ့ပြီး ယူကရိန်း ကျုးကျော်စစ်ကြောင့် လျော့ကျခဲ့သည်။ သို့သော် ရုရှားသည် ဥရောပသို့ ဒီဇယ်အများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်နေဆဲ ဖြစ်သည်။
Source Reuters 
 

Energy News Read 291 times