ပင်လယ်ရေကြောင်း ရေနံစိမ်း တင်ပို့မှု လျှော့ချရန် ရုရှား စီစဉ်


24 December, 2023

ပင်လယ်ရေကြောင်း ရေနံစိမ်း တင်ပို့မှု လျှော့ချရန် ရုရှား စီစဉ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ရုရှားသည် ၎င်း၏ပင်လယ်ဆိပ်ကမ်းများမှ ရေနံစိမ်း တင်ပို့မှုကို ဇန်နဝါရီတွင် တစ်ရက်လျှင် စည်ပေါင်း ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀  လျှော့ချရန် စီစဉ်နေသည်။
 ရေနံချက်စက်ရုံများကို ရေနံစိမ်း ပိုမိုချက်လုပ်စေမည်ဖြစ်သည်။

"၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွက် ရေနံစိမ်း ပို့ကုန် အစီအစဉ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ကာလထက် နည်းပါးသည်" ဟု သတင်းရင်းမြစ်တစ်ခုမှ ရိုက်တာသတင်းဌာနသို့  ပြောကြားခဲ့သည်။
 
လာမည့် သုံးလပတ် တစ်ခုစာ တင်ပို့မှု အစီအစဉ်ကို ရေးဆွဲပြီး ရုရှားရေနံကုမ္ပဏီများကို ကြိုတင်အသိပေးပြီး ကြိုတင်ပြင်ဆင်စေသည်။

OPEC+ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ ရုရှားသည် ရေနံစိမ်းတင်ပို့မှုကို ဆန္ဒအလျောက် လျှော့ချမည်ဖြစ်ရာ ယခုအခါ တရက်လျှင် စည်ပေါင်း ၂ သိန်းလျှော့ချထားခြင်းအစား စည်ပေါင်း ၅ သိန်း လျှော့ချမည် ဖြစ်သည်။


Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 250 times