ရုရှားဓာတ်ဆီ ပြည်ပတင်ပို့မှု ၆ လ ပိတ်ပင်


27 February, 2024

ရုရှားဓာတ်ဆီ ပြည်ပတင်ပို့မှု ၆ လ ပိတ်ပင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

  စားသုံးသူများနှင့် လယ်ယာသုံး စက်ယန္တရားများအတွက် လယ်သမားများထံမှ ဝယ်လိုအား မြင့်တက်လာခြင်း၊ ရေနံချက်စက်ရုံများ ပြုပြင်ထိန်းသိမ်းရန်အတွက် ထုတ်လုပ်မှု ယာယီ ရပ်နားထားနိုင်ရန်ရုရှားနိုင်ငံမှ ဓါတ်ဆီတင်ပို့မှုကို  မတ် ၁ ရက်မှ ခြောက်လကြာ ပိတ်ပင်ကြောင်း အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၇)တွင် ကြေညာခဲ့သည်။

 

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ထိပ်တန်းဓာတ်ဆီထုတ်လုပ်သူများမှာ Gazprom Neft ၏ Omsk ရေနံချက်စက်ရုံ၊ Lukoil ၏  NORSI ရေနံချက်စက်ရုံ Nizhny Novgorod နှင့် Rosneft ၏ Ryazan စက်ရုံတို့ ဖြစ်ပါသည်။

 

ရုရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဓာတ်ဆီတန်ချိန် ၄၃.၉ သန်း ထုတ်လုပ်ခဲ့ပြီး တန်ချိန် ၅.၇၆ သန်းခန့် တင်ပို့ခဲ့သည်။ ထုတ်လုပ်မှု စုစုပေါင်း၏ ၁၃% ခန့်ကို တင်ပို့ခဲ့ခြင်း ဖြစ်ပါသည်။

 

ရုရှားဓာတ်ဆီ အများဆုံး တင်သွင်းသည့် နိုင်ငံများမှာ နိုင်ဂျီးရီးယား၊ လစ်ဗျား၊ တူနီးရှားးတို့ အပါအဝင် အာဖရိကနိုင်ငံများနှင့် ယူအေအီးတို့  ဖြစ်ပါသည်။

 

ရုရှားနိုင်ငံသည် ယခင်နှစ် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း အလားတူ တားမြစ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပြီး ပြည်တွင်းဈေးကြီးမြင့်မှုကို ကိုင်တွယ်ဖြေရှင်းခဲ့ပါသည်။

 

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 317 times