ရူပီး/ကျပ်ဖြင့် ကုန်သွယ်ရန် ညှိနှိုင်းမှု ဇွန်လကုန် ပြီးပြတ်မည်


13 June, 2023

ရူပီး/ကျပ်ဖြင့် ကုန်သွယ်ရန် ညှိနှိုင်းမှု ဇွန်လကုန် ပြီးပြတ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အိန္ဒိယနှင့် မြန်မာကြား ရူပီး-ကျပ်ငွေ ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းမှုသည် ဇွန်လကုန်တွင် အပြီးသတ်နိုင်ဖွယ်ရှိသည်။
 
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အိန္ဒိယဘက်ခြမ်းရှိ Punjab National Bank (PNB) နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦးက EEPC India တွင် ပြောကြားသည်။ ဆွေးနွေးညှိနှိုင်းမှုများသည် ဇွန်လကုန်တွင် ပြီးပြတ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။


စီးပွားကူးသန်းဝန်ကြီး ENGINEERING EXPORT PROMOTION COUNCIL မှ ကြီးမှူးကျင်းပသည့် ကျပ်နှင့်ရူပီးသုံးစွဲမှုအပေါ် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်

https://www.industrialdirectory.com.mm/article/-engineering-export-promotion-council.html


 

ရူပီး-ကျပ်ကုန်သွယ်မှုသည် လာမည့်နှစ်အနည်းငယ်အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု နှစ်ဆတိုးလာမည်ဟု ဝန်ကြီးက အကောင်းမြင်ထားသည်။

 အိန္ဒိယအစိုးရသည် နှစ်နိုင်ငံကြား ကုန်သွယ်မှုကို ရူပီးဖြင့် ပေးချေရန် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံကို တွန်းအားပေးလျက်ရှိသည်။
 
ရုရှားနှင့် ကုန်သွယ်မှုတွင် ရူပီး-ရူဘယ် သုံးစွဲကြရန် ဆွေးနွေးမှုများ အချိန်အတော်ကြာခဲ့ပြီး သဘောတူညီမှု မရသေးချေ။ အိန္ဒိယက ရုရှားရေနံစိမ်း အများအပြားဝယ်ယူနေသည်ကို ရူပီးဖြင့် ပေးချေရန် သဘောတူလိုက်ပါက ရုရှားလက်ထဲ ရူပီးများ ပိုလျှံနေမည်။ အိန္ဒိယထံမှ ပို့ကုန်များကို ဝယ်ယူရန်မှတစ်ပါး အခြား‌နိုင်ငံများမှ ရူပီးဖြင့် ပေးချေဖို့ မဖြစ်နိုင်ချေ။ ရုရှားအနေဖြင့် အိန္ဒိယထံမှ ဝယ်စရာ ပို့ကုန်များ များများစားစား မရှိချေ။ သို့ဖြစ်ရာ ရူပီးများ ပိုက်မိနေမည်ဖြစ်ပြီး လကြာလာသည်နှင့်အမျှ ပိုမိုများပြားလာမည်ဖြစ်သည်။  သို့ဖြစ်ရာ ရုရှားက ရူပီ-ရူဘယ် ကုန်သွယ်မှုကို သဘောမတူသဖြင့် ညှိနှိုင်းဆွေးနွေးမှုသည် လိပ်ခဲတည်းလည်း ဖြစ်နေသည်။

အိန္ဒိယသည် သီရိလင်္ကာနှင့် ရူပီးငွေဖြင့် ကုန်သွယ်မှုကို အသုံးပြုနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံသည် တရုတ်နှင့် ကုန်သွယ်မှုတွင် ယွမ်/ကျပ်ကိုလည်းကောင်း၊ ထိုင်းနှင့် ကုန်သွယ်မှုတွင် ဘတ်/ကျပ်ကိုလည်းကောင်း အသုံးပြုလျက်ရှိသည်။

လက်ရှိ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၁.၈ ဘီလီယံဖိုး ရှိသည်။ 
Source timesofindia
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Export, Import Read 331 times