စီးပွားရေး မြှင့်တင်ရန်အတွက် လုပ်ဆောင်ချက် ၂၄ ချက် ရွှေလီမြို့မှာ ထုတ်ပြန်


03 February, 2023

စီးပွားရေး မြှင့်တင်ရန်အတွက် လုပ်ဆောင်ချက် ၂၄ ချက် ရွှေလီမြို့မှာ ထုတ်ပြန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ပင်မဈေးကွက် ယုံကြည်မှု မြှင့်တင်ရန်နှင့် ခရိုင်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်  ဆောက်လုပ်ရေး၊  လုပ်ငန်းထူထောင်ခြင်း၊ အခွန်အကောက်သက်သာမှု၊  ခရီးသွားစီးပွားရေးနှင့်  ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး  စသည့်ကဏ္ဍများတွင် သက်ဆိုင်ရာလုပ်ဆောင်ချက် ၂၄ ခုကို  သုတေပြုပြီးနောက် မကြာသေးမီရက်တွင် ရွှေလီမြို့မှ "ရွှေလီမြို့၏ ဈေးကွက်ယုံကြည်မှုမြှင့်တင်ရန်နှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရေးဆိုင်ရာမူဝါဒ ဆောင်ရွက်ချက်များဆိုင်ရာကြေညာချက်"ကို ထုတ်ပြန်ခဲ့သည်။
    

အိမ်ရာဈေးကွက်အမြန်ဦးမော့လာစေရန်အတွက်  မဖြစ်မနေလိုအပ်မှုနှင့် နေထိုင်ရာ ပြောင်းလဲမှု နေအိမ် လိုအပ်ချက်ကို ထောက်ပံ့သည့်အားဖြင့် အိမ်ရာဝယ်ရန်သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား အိမ်ရာခွန်၏ ၅၀ ရာခိုင်နှုန်းကို ပံ့ပိုးကြေးအဖြစ် တစ်ကြိမ်တည်းအပြတ် ပေးမည်ဖြစ်သည်။ 

မြို့တွင်းလုပ်ငန်းထူထောင်ရင်းနှီးမြှပ်နှံသည့် နိုင်ငံခြားသားများအား သတ်မှတ်ချက်နှင့်  ကိုက်ညီသည့်အိမ်ရာနှင့်  ဆိုင်ခန်းတိုက်တန်းများကို ဝယ်ယူရန်် ခွင့်ပြုမည်ဖြစ်ပြီး အများပိုင်ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေမှလည်း  ထောက်ပံ့ပေးမည် ဖြစ်သည်။


ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းပြိုင်ဆိုင်မှုကဏ္ဍတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့်  လုပ်ငန်းကုမ္ပဏီများအား ထောက်ပံ့ကြေး တစ်ကြိမ်တည်း အပြတ်ပေးခြင်းဖြင့် လုပ်ငန်း ကုမ္ပဏီများတိုးတက်ကြီးပွားလာစေကာ ရွှေလီမြို့မှ အခြားဒေသများထိ တိုးချဲ့သွားနိုင်‌စေရန် အားပေးလျက်ရှိသည်။ 

စီးပွားရေးကဏ္ဍတွင် နုန့်မော်ကန်ပန်းခြံအနီးဝန်းကျင်ရှိ လူသွားလမ်း(မောက်ဟန်လမ်းပိုင်းနှင့် ထွမ်ကျယ်လမ်းပိုင်း)တို့တွင် ယာယီဈေးဆိုင် နေရာ ၂၀ဝ ကို စီစဉ်ထားပေးပြီး သတ်မှတ်ထားသည့်နေရာ၊ အချိန်ပိုင်းနှင့် ဈေးဆိုင်များအတွင်းရောင်းဝယ်မှုကို လုပ်ဆောင်နိုင်သည်။ 

ရွှေဟုန်လမ်း မုန်မောက်ရဲစခန်းနံဘေးရှိလူသွားလမ်းများတွင် ရွေ့လျားဈေးဆိုင်များ အတည်ချရန် ဈေးဆိုင်‌ေနရာ ၁၀ဝ ကို လျာထားလျက်ရှိပြီး ရောင်းဝယ်အချိန် ကန့်သတ်မှု မထားရှိပေ။


အခွန်အကောက်သက်သာရေး  မူဝါဒဆက်လက်အကောင်အထည်ဖော်မှုကဏ္ဍတွင် တန်ဖိုးမြင့် အခွန်ကင်းလွတ်ခြင်း၊ ပြည်သူများ အိမ်ရာဝယ်ယူခြင်းဆိုင်ရာ အခွန်မူဝါဒ၊ ငှားရမ်းအိမ်ရာဖွံ့ဖြိုးမှု အခွန်အခမူဝါဒတို့ကို အကောင်အထည်ဖော်ကာ  လုပ်ငန်းကုမ္ပဏီများအား  အခက်အခဲ ဖြေလျှော့‌ပေးခြင်း၊ ပင်မဈေးကွက်ကို  ထိန်းသိမ်းပေးခြင်း၊   အခွန်လျှော့ချ၍ စားသုံးသူများ သုံးစွဲမှုကို မြှင့်တင်ပေးခြင်း၊  ဆေးကုသမှု၊ သက်ကြီးအိုရွယ်နှင့် ကလေးလူငယ်များကျွေးမွေးရေး၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုကို  ဆွဲဆောင်ကာ စားသုံးမှုနည်းပုံစံသစ်ကို မွေးထုတ်ရန် အားပေးဆောင်ရွက်လျက် ရှိသည်။

အလုပ်အကိုင် တိုးချဲ့ခြင်းနှင့် စီးပွားရေးလုပ်ငန်းထူထောင်သူတို့ကို အားပေးသည့်ကဏ္ဍတွင် ဆင်းရဲနွမ်းပါးမှုမှ ရုန်းထွက်နေသည့် လုပ်သားအင်အားများအတွက် အလုပ်အကိုင် ထောက်ပံ့မှု၊ လူမှုရေးအာမခံ ထောက်ပံ့မှုတို့ဖြင့် အလုပ်အကိုင်များ တိုးချဲ့ခြင်း ထောက်ပံ့မှုကို အားပေးလုပ်ဆောင်လျက် ရှိသည်။  

စီးပွားရေးလုပ်ငန်းထူထောင်သူ လုပ်ငန်းရှင်များအတွက်  ချေးငွေအာမခံ ဝန်ဆောင်မှု၊ တက္ကသိုလ်ကျောင်းသားများအား လုပ်ငန်းထူထောင်နိုင်‌ေစရေးထောက်ပံ့မှုနှင့် မိမိဌာနေသို့ ပြန်ရောက်လာကာ လုပ်ငန်းထူထောင်သည့် အခြေခံပြည်သူအား  ထောက်ပံ့ကြေးငွေ တစ်ကြိမ်တည်း အပြတ်ပေးခြင်းဖြင့်  လုပ်ငန်းထူထောင်မှုဆိုင်ရာ ထောက်ပံ့မှုကို  ပေးအပ်လျက် ရှိသည်။

နိုင်ငံပိုင်လုပ်ငန်းလည်ပတ်မှု ငှားရမ်းအခကြေးငွေ ကဏ္ဍတွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်ထိ ကာလအတွင်း နိုင်ငံပိုင်လုပ်ငန်း၊ ဌာနအဖွဲ့အစည်း စသည့်တို့မှ အဆောက်အအုံများကိုငှားရမ်းကာ စီးပွားရေးလုပ်ကြသည့် အလယ်စားနှင့် အသေးစားလုပ်ငန်းရှင်များနှင့် တစ်ဦးပိုင်လုပ်ငန်းရှင်များအားငှားရမ်းခ ၃ လစာ လျှော့ပေါ့ ပေးသည့်အပြင်  နောက်ထပ် ၆ လအတွက် ငှားရမ်းခကို တစ်ဝက် လျှော့ပေးပါသည်။

ခရီးသွားများ ရင်းမြစ်ကို အပြည့်အဝ အသုံးပြုကာ ခရီးသွားစီးပွားရေးလုပ်ငန်းကို လျင်မြန်စွာ ပြန်လည်ဦးမော့လာစေရေးကဏ္ဍတွင် ခရီးသွားအေဂျင်စီတို့အား  ဆုချခြင်းနှင့်  ထောက်ပံ့ပေးခြင်းတို့ဖြင့်  ခရီးသွားလုပ်ငန်းကုမ္ပဏီများအား ခရီးသွားများ ရွှေလီသို့ လာရောက်ရန် ဆွဲဆောင်စေခြင်းနှင့်အတူ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပင်မဈေးကွက်ကို  ထူထောင်ဖေးမပေးလျက် ရှိသည်။  

စည်းမျဉ်းဘောင်အတွင်းရှိ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုကဏ္ဍတွင် လုပ်ငန်းအတိုင်းအတာ မြှင့်တင်ပြီး စာရင်းအင်းဘောင်အတွင်း ထည့်သွင်းသတ်မှတ်သည့် လုပ်ငန်းချီးမြှင့်ဆုနှင့် ထုတ်ကုန်တန်ဖိုးကြီးထွားမှု လှူဒါန်းဆုတို့ကို ချမှတ်‌ပေးပါသည်။   


နိုင်ငံခြားကုန်သွယ်ရေးဖွံ့ဖြိုးမှုကဏ္ဍတွင် အချောကိုင်လုပ်ငန်းကုန်သွယ်မှု ပြောင်းလဲမြှင့်တင်ခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ  နိုင်ငံတကာဈေးကွက်သို့  တိုးချဲ့ခြင်းကို အားပေးခြင်း၊ အများပိုင် ဝန်ဆောင်မှု ပလက်ဖောင်းကို ပြည့်စုံစေခြင်း၊ လုပ်ငန်းကုမ္ပဏီများ အာမခံတွင် ပါဝင်စေခြင်းနှင့် ပြည်ပကြွေးမြီ
များ စိစစ်ခြင်းတို့ကို အားပေးဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် တိုက်ရိုက် (live)လွှင့်ရောင်းချခြင်း အခြေစိုက်စခန်းဆိုင်ရာ စီမံခန့်ခွဲခနှင့် ငှားရမ်းခများကို လျှော့ချရန်နှင့် ကျောက်မျက်ရတနာများ live လွှင့် ရောင်းချရေးလုပ်ငန်းကို  စနစ်တကျဖြင့်  ဖွံ့ဖြိုးတိုးတက်စေရန်  လမ်းညွှန်ပေးသည်။

အစုရှယ်ယာ အာမခံခြင်း၊ ငွေကြေးဘဏ္ဍာရေးဆိုင်ရာအားပေးမှုကို မြှင့်တင်ခြင်း၊ သက်ဆိုင်ရာသက်သေခံ အထောက်အထားလက်မှတ်များ လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူစေခြင်းတို့ဖြင့် ပြည်ဝင်ပြည်ထွက် ဝန်ဆောင်မှုစွမ်းရည်ကို မြှင့်တင်လျက်ရှိသည်။  

ရွှေလီမြို့သည်  ယူနန်ပြည်နယ်၏ အနောက်တောင်ဘက်စွန်းတွင် တည်ရှိပြီး အနောက်တောင်၊ အနောက်မြောက်ဘက်နှင့်အရှေ့တောင်ဘက်တို့တွင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိရာ တရုတ်နိုင်ငံ
၏ အနောက်တောင်ဘက်တွင် ပြင်ပသို့ ဖွင့်လှစ်သည့် သမိုင်းတစ်လျှောက် အစောဆုံးနှင့် ဖွင့်လှစ်မှုအခြေခံ အခိုင်မာဆုံး ဖြစ်သည့်အပြင်  ဖွင့်လှစ်သည့်အတိုင်းအတာအရလည်း အကြီးမားဆုံး သောဒေသများအနက်မှ တစ်ခုဖြစ်သည်။   လွန်ခဲ့သည့် ၃ နှစ်အတွင်း ရွှေလီမြို့သည် ကိုဗစ်ကပ်ရောဂါ၏ ဒဏ်ကို အလူးအလဲ ခံခဲ့ရပါသည်။           
 
ရင်းမြစ် တရုတ်သတင်းကွန်ရက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 443 times