ကမ္ဘောဒီးယား ရော်ဘာ ၃ လတာတွင် ဒေါ်လာ ၁၆၈ သန်းဖိုး ပြည်ပတင်ပို့ခဲ့ 


17 April, 2023

ကမ္ဘောဒီးယား ရော်ဘာ ၃ လတာတွင် ဒေါ်လာ ၁၆၈ သန်းဖိုး ပြည်ပတင်ပို့ခဲ့ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘောဒီးယားမှ ရော်ဘာတင်ပို့မှုသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ၄၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၆၈ သန်း ရရှိခဲ့သည်။
.
ယခင် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် သဘာဝရော်ဘာနှင့် ရော်ဘာပစ္စည်းများ တင်ပို့မှုမှ ရရှိသည့်ဝင်ငွေမှာ ကန်ဒေါ်လာ ၁၁၇ သန်းမျှသာ ရှိခဲ့ပါသည်။
.
အကောက်ခွန်ဌာန၏ နောက်ဆုံးရ ကုန်သွယ်မှုအချက်အလက်များအရ ၂၀၂၃ ခုနှစ် မတ်လတွင် ရော်ဘာတင်ပို့မှုမှ ကန်ဒေါ်လာ ၅၅ သန်းရရှိခဲ့သည်။
.
ကမ္ဘောဒီးယားရော်ဘာ ပြည်ပဈေးကွက်များတွင် တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယနှင့် ဥရောပသမဂ္ဂတို့ ပါဝင်သည်။

သဘာဝရော်ဘာ natural rubber (NR) အများဆုံး ထုတ်လုပ်သည့် နိုင်ငံများတွင်  ထုတ်လုပ်မှုကျဆင်းခဲ့သည်။  အရွက်ရောဂါပျံ့နှံ့မှု၊ ရာသီဥတုမမှန်ခြင်း၊ ရာသီဥတုပူပြင်းလာခြင်းနှင့် သွင်းအားစု ကုန်ကျစရိတ်မြင့်တက်လာသဖြင့်  ဓာတ်မြေဩဇာ လျှော့သုံးခြင်းတို့ကြောင့် ရော်ဘာ အထွက်နည်းသွားခဲ့သည်။ 
.
International Rubber Consortium (IRCo) ၏ အဆိုအရ မိုးခေါင်ရေရှားမှု အခြေအနေနှင့် မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့မှ ရော်ဘာခြံလုပ်သားများ မရရှိခြင်းတို့ကြောင့် ထုတ်လုပ်မှု ကျဆင်းနေမည် ဖြစ်သည်။
.
ထို့ပြင် ထိုင်းနိုင်ငံတွင် NR ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ် ဇွန်လအထိ အစေးရရှိခြင်း နည်းပါးနေမည်။ သို့ဖြစ်ရာ ယခုနှစ် ပထမနှစ်ဝက်အတွင်း လျော့နည်းသွားဖွယ်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင်လည်း အလားတူပင် ဖြစ်သဖြင့် ၂၀၂၃ ပထမနှစ်ဝက်တွင် ဒေသတွင်း ရော်ဘာထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျမည်ဟု ဆိုသည်။
.
အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းနှင့် မလေးရှားတောင်ပိုင်းရှိ စိုက်ခင်းများတွင် ကျရောက်နေသော 'အရွက်ရောဂါ' ကြောင့် NR ဈေးကွက်ထဲ ရောက်ရှိမှုသည် လာမည့်လများအတွင်း လျော့နည်းနေဦးမည်ဟု သဘာဝရော်ဘာ ထုတ်လုပ်သောနို င်ငံများအသင်း Natural Rubber Producing Countries (ANRPC) မှ ပြောကြားခဲ့သည်။
.
‌ရော်ဘာစိုက်ခင်းငယ် ပိုင်ရှင်များသည် ရော်ဘာ စိုက်ပျိုးရန် တွက်ခြေမကိုက်သဖြင့် စိုက်ပျိုးခြင်း မပြုကြတော့သဖြင့် ရော်ဘာစိုက်သည့် ဧရိယာ လျော့နည်းလာနေခြင်းကြောင့်လည်း ရော်ဘာ ထုတ်လုပ်မှု လျော့ကျလာနေသည်။
.
 ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့သဘာဝရော်ဘာ (NR) စျေးကွက်အတွက် ကြိုတင်ခန့်မှန်းချက်များမှာ တန်ချိန် ၁၄.၉၆၄ သန်း ထွက်ရှိရန် မျှော်မှန်းထားပြီး သုံးစွဲမှုမှာ တန်ချိန် ၁၄.၇၈၃ သန်းရှိမည်။
Source Khmer Times
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Agriculture & Livestock Export, Import Read 274 times