Rolex လက်ပတ်နာရီများ ဝယ်လိုအား အလွန်အမင်းများနေသဖြင့် စက်ရုံ ၃ ရုံ ထပ်တိုးမည်


19 March, 2023

Rolex လက်ပတ်နာရီများ ဝယ်လိုအား အလွန်အမင်းများနေသဖြင့် စက်ရုံ ၃ ရုံ ထပ်တိုးမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Rolex လက်ပတ်နာရီများသည် ဝယ်လိုအား အလွန်အမင်း များနေသဖြင့် ကုမ္ပဏီသည် ဆွစ်ဇာလန်တွင် ထုတ်လုပ်မှုကို မြှင့်တင်လိုက်သည်။ သို့ဖြစ်ရာ Rolex လက်ပတ်နာရီ ရဖို့ စောင့်ဆိုင်းစာရင်းမှာ ကြာချိန် လျော့သွားနိုင်သလား။ 

Rolex စည်းစိမ်လက်ပတ်နာရီများအတွက် ၀ယ်လိုအားသည် အရူးအမူးဖြစ်သည့်အဆင့်သို့ ရောက်ရှိနေသဖြင့်  ဆွစ်ဇာလန်မှ နာရီထုတ်လုပ်သူ Rolex က ထုတ်လုပ်မှု မြှင့်တင်ရန်အတွက် စက်ရုံအသစ် ၃ ရုံ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Advertisement

Click Here > Leo

နာရီထုတ်လုပ်သူ၏ အသိအမှတ်ပြု တရားဝင် ကိုယ်စားလှယ် ချန်နယ်များမှတစ်ဆင့် Rolex အသစ်ကို ရဖို့ အလွန်ခဲယဉ်းနေပါသည်။

လူကြိုက်အရမ်းများသည့် Rolex Cosmograph Daytona


Daytona Cosmograph ကဲ့သို့သော တစ်ပတ်ရစ်ပစ္စည်းများ၏စျေးနှုန်းများသည်ပင်လျှင် ခေါင်ခိုက်နေပါသည်။
ကမ္ဘာ့အကြီးဆုံး အထက်တန်းစားနာရီများကို ထုတ်လုပ်သူ Rolex သည် ၎င်း၏ လက်ပတ်နာရီများအတွက် မကြုံစဖူးသော ဝယ်လိုအားများပြားနေခြင်းကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းနေသည်။
ယခု Rolex SA က ယာယီဖြေရှင်းသည့်အနေဖြင့် စက်ရုံ ၃ ရုံကို ဆွစ်ဇာလန်တွင် တိုးချဲ့မည် ဖြစ်ပြိး ဝန်ထမ်းအင်အားကို ၃၀၀ ဦး အသစ်ခန့်ပြီး တိုးမြှင့်မည် ဖြစ်သည်။


စက်ရုံအသစ်များအတွက် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်။ ၂၀၂၉ ခုနှစ်တွင် စက်ရုံ ၃ ရုံစလုံး အပြည့်အဝ လည်ပတ်နိုင်မည်ဟု ရည်မှန်းထားသည်။ ၂၀၂၄ တွင် စက်ရုံတစ်ရုံ ထုတ်လုပ်မှု စတင်မည်ဖြစ်ပြီး ဒုတိယစက်ရုံသည် ၂၀၂၅ တွင် စတင်ထုတ်လုပ်မည် ဖြစ်သည်။

Rolex ကို တည်ထောင်သူ အမည်ဖြင့် ထူထောင်ထားသည့် Hans Wilsdorf ဖောင်ဒေးရှင်းမှ ထိန်းချုပ်ထားသည်။
တစ်နှစ်လျှင် လက်ပတ်နာရီ ခုရေ ၁ သန်းခန့် ထုတ်လုပ်ပေးနေသော်လည်း ဝယ်လိုအားကို မပြည့်မီသဖြင့် နာရီအသစ်များ ဈေးကွက်ထဲ ပြတ်လပ်နေသည်။ Rolex နာရီဝယ်လိုအားသည် ကပ်ရောဂါကာလတွင် စတင်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ 
တစ်နှစ်တာ ရောင်းအားမှာ အမေရိကန်‌ဒေါ်လာ ၈.၇ ဘီလီယံဝန်းကျင် ရှိသည်။

Source scmp

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 1532 times