တရုတ်နိုင်ငံတွင် ပုဂ္ဂလိကပိုင် ဒုံးပျံ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့


05 April, 2023

တရုတ်နိုင်ငံတွင် ပုဂ္ဂလိကပိုင် ဒုံးပျံ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ပုဂ္ဂလိကကဏ္ဍမှ တည်ဆောက်သည့် TL-2 Y1  ဒုံးပျံကို ဧပြီလ ၂ ရက်တွင် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်။ ကုန်စည်အဖြစ် သယ်ဆောင်သွားသည့် ဂြိုဟ်တုကို ‌ေြမပြင်မှ အမြင့် ကီလိုမီတာ ၅၀၀ တွင် တည်ရှိသည့် ကမ္ဘာပတ်လမ်းထဲသို့ ပေးပို့ခဲ့သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Jiuquan Satellite Launch မှ ပစ်လွှတ်ခဲ့သည်။

TL-2 Y1 ကို ပေကျင်းအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Space Pioneer မှ ထုတ်လုပ်ခဲ့သည်။

Space Pioneer သည် တရုတ်နိုင်ငံတွင် အာကာသသို့ ဒုံးပျံဖြင့် ကုန်စည်ပို့ဆောင်ပေးသည့် တတိယမြောက် ပုဂ္ဂလိကပိုင် လုပ်ငန်းဖြစ်သည်။ အခြား ပုဂ္ဂလိကပိုင် လုပ်ငန်း ၂ ခုမှာ i-Space နှင့် Galactic Energy တို့ ဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ ပုဂ္ဂလိကပိုင် အာကာသ ဒုံးပျံလုပ်ငန်းကဏ္ဍသည် ကျယ်ပြန့်လာ‌နေသည်။

အစိုးရပိုင် အာကာသလုပ်ငန်း CASC က ၂၀၂၃ တွင် ဒုံးပျံ ၆၀ စီးအထိ လွှတ်တင်မည့် အစီအစဉ်များ ရှိနေသည်။ ဂြိုဟ်တု အလုံးရေ ၂၀၀ ကျော် ပေးပို့မည် ဖြစ်သည်။ 

ယမန်နှစ်တွင် အမေရိကန်မှ အာကာသသို့ ကုန်စည်ပို့ဆောင်ပေးသည့် ဒုံးပျံ ၈၇ ကြိမ် ပစ်လွှတ်ခဲ့သည်။ တရုတ်နိုင်ငံက ၆၄ ကြိမ် ပစ်လွှတ်ခဲ့သည်။
Source khmertimeskh 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 200 times